The Guardians 파수꾼 FHD

The Guardians 파수꾼

Action & Adventure FHD 2017-05-22 6.5

ကိုယ်တန်ဖိုးထားရတဲ့သူတွေကို အကြမ်းဖက်မှုကြောင့် ဆုံးရှုံးလိုက်ရပြီး အတိတ်ဒဏ်ရာတွေထဲမှာပိတ်မိနေပြီး အခုထိနာကျင်နေကြတဲ့ လူတစ်စု.. ဒါပေမဲ့ အဲဒီအကြမ်းဖက်မှုတွေကို ကျူးလွန်တဲ့ ရာဇဝတ်သားတွေဟာ သက်သေမခိုင်လုံမှု,ခြစားမှု,နောက်ခံအင်အားတောင့်တင်းမှုဥပဒေရဲ့လစ်ဟာမှုကြောင့် သူတို့ဟာ ပြစ်ဒဏ်ခံယူရခြင်း မရှိဘဲနဲ့လွတ်မြောက်သွားကြပါတယ်။အဲဒါကြောင့်ပဲ သူတို့ဟာ “The Guardians” လို့ခေါ်တဲ့ အဖွဲ့ကို ဖွဲစည်းလိုက်ပြီးဥပဒေကနေတရားမျှတမှုကို မပေးနိုင်တဲ့ ရာဇဝတ်မှုတွေကိုဖော်ထုတ်ပြီးတော့ ရာဇဝတ်သားတွေကို ဖမ်းဆီးပါတော့တယ်။ဂျိုဆူဂျီ (Lee Si-young) ဟာ စုံထောက်တစ်ယောက်ဖြစ်ပြီးတော့ တစ်နေ့ သူမဆီမှာဥပဒေနဲ့တရားမျှတမှုဆိုတဲ့ စည်းကိုကျော်ဖို့အတွက် ကိစ္စတစ်ခုဖြစ်လာခဲ့တာပေါ့။ သူမနဲ့အတူ လျှို့ဝှက်ရည်ရွယ်ချက်ရှိတဲ့ အမှုစစ် ဂျန်ဒိုဟန် (Kim Young-kwang),အပြင်လောကကိုရှောင်ကြဉ်နေသော်လည်း နည်းပညာကျွမ်းကျင်မူနဲ့ ဉာဏ်ကောင်းတဲ့ ဆောဘိုမီ (Kim Seul-gi)၊ ပေါ့ပါးသွက်လက်ပြီး စွန့်စားခန်းများကို ချစ်တဲ့ hacker ဂုံဂယောင်းဆူ (Keyတို့ဟာ..မစ်ရှင်များကို အတူတူလုပ်ဆောင်ရင်းသူတို့ရဲ့ အမှုတွေဟာ အပြန်အလှန် ချိတ်ဆက်နေကြောင်း၊နောက်ကွယ်က အာဏာကြီးတစ်ဦးက သူတို့ဘဝကို ကြိုးဆွဲနေကြောင်း သိလာရတဲ့ အခါမှာတော့…သူတို့ဘာဆက်ဖြစ်ကြမလဲ….တကယ်ပဲ တရားမျှတမှုဆိုတာ အမှန်တရားဘက်မှာမရှိဘူးလားဒီအဖွဲ့အစည်းမှာ ပါဝင်နေကြတဲ့သူတွေမှာရော ဘယ်လိုကိစ္စတွေရှိခဲ့တာလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးကနေ စောင့်မျှော်ကြည့်ရှု့နိုင်ပါတယ်။