When Destiny Brings The Demon  献鱼 FHD

When Destiny Brings The Demon 献鱼

Drama FHD 2025-08-16 8.3

စစ်မာကျောင်းဟာ ကန်းချန်းရှန်းဖူကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီးတစ်ယောက်ပါ။စစ်မာမျိုးနွယ်ရဲ့ ထူးခြားတဲ့အစွမ်း‌တွေဖြစ်တဲ့ ဝိညာဉ်မီးတောက်နဲ့ သွေးခဲပန်းတွေကကျင့်ကြံရေးအတွက် အရမ်းအသုံးဝင်တာကြောင့် အားလုံးကအရယူချင်ကြတယ်။စစ်မာကျောင်းဟာ အလွန်စွမ်းအားကြီးလွန်းတာကြောင့် သူ့ကို သူတော်စင်သုံးဦးတောင်မှာနှစ် ၅၀၀ ကျော် ပိတ်လှောင်ထားခဲ့ကြတယ်။ ဖုန်းရှန်းမီးတောက်ရဲ့အရှိန်ကြောင့် စစ်မာကျောင်းဟာနေ့နေ့ညည အပူဓာတ်ကိုခံစားနေရပြီး စိတ်ဖောက်လာတာနဲ့ လူသတ်တော့တာပါပဲ။တစ်လောကလုံးကလူတွေက သူ့အတွက် ရန်သူတွေပဲလို့သတ်မှတ်ထားပြီးတောင်ပေါ်ကထွက်လာနိုင်တာနဲ့ အကုန်လိုက်သတ်ဖို့ တေးထားသူပါ။ကျိုးယန့်ဆိုတဲ့ ကောင်မလေးက ဒီနေ့ခေတ်ရဲ့ သာမန်ဝန်ထမ်းလေးတစ်ယောက်ပါ။တစ်နေ့မှာတော့ သူဟာ မတော်တဆ ကျင့်ကြံရေးလာကထဲ ကူးပြောင်းသွားပြီးလျောင်ထင်ယန့်ဆိုတဲ့ ကောင်မလေးဖြစ်လာခဲ့တယ်။ သူက ကျင့်ကြံရေးလောကနဲ့ပတ်သက်လို့ဘာမှစိတ်မဝင်စားဘဲ စားစရာ အိပ်စရာရှိရင်ရပြီလို့ သဘောထားတဲ့ ငါးဆားနယ်တစ်ယောက်ပါ။တစ်နေ့မှာတော့ ရှစ်ကျူစစ်မာကျောင်းကို ခစားဖို့ အမျိုးသမီးတပည့် အယောက် ၁၀၀ ရွေးချယ်ရာမှာလျောင်ထင်ယန့်လည်း အရွေးခံလိုက်ရပါတယ်။ လျောင်ထင်ယန့်ကလွဲလို့ ကျန်တဲ့ ၉၉ ယောက်ကစစ်မာကျောင်းကိုသတ်ဖို့ အကြံကိုယ်စီနဲ့ပါ။ လျောင်ထင်ယန့်ရဲ့ ဘာမှစိတ်မဝင်စားဘစားလိုက်အိပ်လိုက် ပေါက်ကရအတွေးတွေ အပြုအမူတွေက စစ်မာကျောင်းရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။အချစ်ဆိုတာနားမလည် အားလုံးကိုရန်သူပဲထင်တဲ့ စစ်မာကျောင်းက လျောင်ထင်ယန့်အပေါ်တဖြည်းဖြည်း ဘယ်လိုမျိုးချစ်သွားမလဲ၊ လျောင်ထင်ယန့်ကရော စစ်မာကျောင်းရဲ့ကလဲ့စားချေမယ့်ခရီးမှာ ဘယ်လိုကြားညှပ်သွားမလဲ၊ လောကချင်းမတူတဲ့ သူတို့နှစ်ယောက်အဆုံးသတ်မှာ ပေါင်းဖက်သွားနိုင်မလားဆိုတာကို ဇာတ်ကားလေးထဲမှာ အချို အငို အခွီပေါင်းစုံနဲ့ ကြည့်ရှုလိုက်ကြပါနော်။