စိတ်ဝင်စားစရာကောင်းတဲ့ သည်းထိပ်ရင်ဖို ဟင်ဒီစီးရီးလေးလာပါပြီ ဒီဇာတ်လမ်းမှာဆိုရင် အမှုစုံစမ်းစစ်ဆေးရေးနဲ့ ဂန္ဘီရအယူအဆတွေကိုပါ ထည့်သွင်းထားတာပါဇာတ်လမ်းကိုတော့ ၁၉၅၀ နဲ့ ယနေ့ခတ်ကို တစ်လှည့်စီပြပြီး ၁၉၅၀ ကာလမှာ ဘုရားသခင်သဖွယ် ယတ်စ်ဆိုတဲ့သက်ရှိကိုဖန်တီးဖို့ လူတွေကို ယဇ်ပူဇော်သလိုစတေးပြီး လုပ်ခဲ့ကြတဲ့ လျှို့ဝှက်ဂိုဏ်းတစ်ခုရှိခဲ့ပါတယ်လက်ရှိအချိန်မှာလည်း ဓာတ်ပုံဆရာတစ်ဦး အသ-တ်ခံရပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြ-တ်တောက်ခံထားရတာကိုဗစ်ကရမ်ဆင်းဂ်ဆိုတဲ့ ရဲနဲ့ စီဘီအိုင်အရာရှိမလေး ရီယာတို့က စုံစမ်းကြမှာပါသူတို့နှစ်ယောက်လုံးဟာလည်း တစ်ချိန်က မိသားစုဝင်ကိုယ်စီကို ထူးဆန်းစွာဆုံးရှုံးခဲ့ရတဲ့လူတွေဖြစ်နေလေတော့ သူတို့ရဲ့ဆုံးရှုံးမှုနဲ့လက်ရှိအမှု၊လက်ရှိအမှုနဲ့ ၁၉၅၀ က စတင်ခဲ့တဲ့ လျှို့ဝှက်ဂိုဏ်းတို့ ဆက်စပ်နေမှာလား ဆိုတာ။ ။