Trailer ပြကတည်းက Time travel မို့ အားလုံးစိတ်ဝင်စားနေကြတဲ့ Pit babe season 2 ထဲမှာပါတဲ့P’nut ရဲ့ဇာတ်ကားက ပရိတ်သတ်ကြီးရှေ့ကိုရောက်ရှိလာပါပြီ။LGBTQ ဖြစ်ကြောင်း come out လုပ်ထားတဲ့ပရင့်စ်ဟာ ဆန်ယားနိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်ပြီး အောင်မြင်မှာများစွာရရှိနေတဲ့သူပါ။ဒါပေမဲ့ တစ်နေ့သူအိပ်ရာကနေနိုးလာတဲ့အချိန် ထုန်ဘူရီမင်းဆက်ခေတ်က သခင်လေး ခွန်ဝါရာဒေ့ရဲ့ခန္ဓာကိုယ်ထဲကိုရောက်သွားခဲ့ပါတယ်။လိင်တူလက်ထပ်ခြင်းကိုတားမြစ်ထားတဲ့ခေတ်ကာလမို့ခွန်ဝါရာဒေ့က သူ့ရဲ့သရုပ်မှန်ကိုဖုံးကွယ်ပြီးနေနေရတဲ့သူပါ။မရင်းနှီးတဲ့နေရာမှာ ပရင့်စ်တစ်ယောက် နန်းတော်အတွင်းကလှည့်ဖျားမှုတွေ၊နိုင်ငံရေးသစ္စာဖောက်မှုတွေ၊အသက်အန္တရာယ်ရှိတဲ့လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ အန္တရာယ်ရှိတဲ့အခြေနေတွေကိုဖြတ်သန်းရမှာပဲဖြစ်ပါတယ်။အဲဒါတွေအပြင် ပရင့်စ်က ဝါရဒေ့ရဲ့အတိတ်အကြောင်းနဲ့ ဖုံးကွယ်ထားတဲ့ချစ်သူကို ရှာဖို့အတွက် စတင်ပါတော့တယ်။အဲ့ဒီခရီးမှာ လူသတ်သမားတွေရဲ့ပစ်မှတ်ထားခြင်းကိုခံနေရတဲ့ ငယ်ရွယ်တဲ့ဘုရင်ချိုင်ယာချတ်နဲ့ဝါရဒေ့နဲ့လျှို့ဝှက်ဆန်းကြယ်စွာ ဆက်နွယ်မှုတစ်ခုရှိနေတဲ့ ဘုရင်ရဲ့အစ်ကို မွန်ကိုဆိုလ်တို့ကိုမမျှော်လင့်ဘဲ တွေခဲ့ရပါတယ်။ပရင့်စ်က သူတို့နှစ်ယောက်လုံးကိုကာကွယ်ရင်း တိုင်းပြည်ရဲ့မတရားတဲ့စံသတ်မှတ်ချက်ဖြစ်တဲ့လိင်တူလက်ထပ်ခွင့်ကိုတားမြစ်ထားတာကိုရင်ဆိုင်ဖို့ နည်းလမ်းကိုရှာဖွေပါတော့တယ်။