ဒီတစ်ခေါက် ပရိသတ်ကြီးတို့ကို မိတ်ဆက်ပေးမဲ့ဇာတ်လမ်းလေးကတော့ မင်းသားချော Zhang Yi Jie နဲ့မင်းသမီးချောလေး Zhong Li Li တို့ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်နဲ့အမုန်းရသ ၂မျိုးလုံးကို ခံစားကြည့်ရှုရမဲ့Stealing Heart ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်ငယ်လေးကတည်းကမိဘမဲ့ဂေဟာမှာကြီးပြင်းခဲ့ရတဲ့ လင်းချူနင်အတွက်တော့ ရှောင်ရိုဟာအချစ်ရဆုံးသူငယ်ချင်းဖြစ်တဲ့အပြင် တစ်ဦးတည်းသောမိသားစုဝင်လို့သတ်မှတ်ထားတဲ့သူပါ။ ချူနင်ဟာ သူ့သူငယ်ချင်းရှောင်ရိုကို လုစစ်ယန့်သတ်လိုက်တယ်လို့ မှားယွင်းယုံကြည်မိနေတဲ့အတွက် လက်စားချေဖို့လုမိသားစုထဲကို လုစစ်ယန့်ရဲ့အမြွှာအစ်မအဖြစ်နဲ့ ရုပ်ဖျက်ဝင်ခဲ့ပါတော့တယ်။ချူနင်တစ်ယောက် လုမိသားစုထဲဝင်ပြီးတဲ့နောက်မှာတော့ အမှန်တရားကို ရှာတွေ့သွားမလားလက်စားချေမဲ့အစီအစဉ်ကိုရော ဘယ်လိုအကောင်အထည်ဖော်သွားမလဲဆိုတာကိုတော့စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးရှင့်~