Legend of the Female General 锦月如歌 FHD

Legend of the Female General 锦月如歌

Drama FHD 2025-08-06 8.3

အားလုံးအချိန်အကြာကြီးစောင့်မျှော်နေကြရတဲ့စစ်သူကြီးမမ Zhou Ye ကားလေးထွက်ရှိလာပါပြီ။မျိုးရိုးမြင့်မိသားစုရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက် မိန်း‌ကလေးသရုပ်မှန်ကိုဖုံးကွယ်မျက်နှာဖုံးစွပ်ကာ ဟယ်ရူဖေးအဖြစ် ဟန်ဆောင်ရင်းတိုက်ပွဲဝင်ခဲ့ရတဲ့ ဟယ်ယန်တိုက်ပွဲကနေ  အောင်မြင်မှုတွေနဲ့အတူပြန်ရောက်လာတဲ့ ဟယ်ယန်ကိုပြန်ပေါ်လာတဲ့မောင်ဖြစ်သူကလည်း သူမရဲ့အောင်မြင်မှုအကုန်ယူသွားသလိုမိသားစုကလည်း သစ္စာဖောက်ခြင်းကိုခံလိုက်ရပါတော့တယ်။သေမင်းတံခါးဝကနေပြန်အသက်ရှင်လာတဲ့ ဟယ်ယန်တစ်ယောက်မြို့စောင့်ဂိတ်အရာရှိသမီးသရုပ်မှန်အသစ်နဲ့ပြန်ပေါ်လာပြီးယောက်ျားအဖြစ်ဟန်ဆောင်ကာ စစ်တပ်ထဲဝင်ဖို့ကြိုးစားချိန်မှာပငယ်စဉ်က မိန်းကလေးအဖြစ်ရှင်းချန်ကျောင်းမှာတွေ့ခဲ့တဲ့ ရှောင်ကျွယ်နဲ့ ပြန်တွေ့ရတဲ့အခါ……ရှောင်ကျွယ်တစ်ယောက် အသစ်ဝင်လာတဲ့ ဟယ်ယန်အပေါ်သံသယပေါင်းစုံဝင်ခဲ့ပေမဲ့ဟယ်ယန်ကတော့ ရှောင်ကျွယ်အနားမှာပဲနေပြီး သူ့အရည်အချင်းတွေကိုသက်သေပြရင်းထိပ်တန်းစစ်သည်တစ်ယောက်ဖြစ်လာဖို့ ကြိုးစားနေခဲ့ပါတယ်။နှစ်ယောက်အတူ ပြဿနာမျိုးစုံကိုအတူတူဖြေရှင်းလုပ်ကိုင် သေတူရှင်အတူ တိုက်ပွဲဝင်ရင်းကနေဟယ်ယန်နဲ့ ရှောင်ကျွယ်ကြား ရင်းနှီးယုံကြည်မှုကိုဘယ်လိုတည်ဆောက်ကြမလဲ။ရှောင်ကျွယ်ကရော ဟယ်ယန်ကိုမှတ်မိသွားမှာလား။ ကိုယ့်ကို နောက်ကျောဓားနဲ့ထိုးသွားတဲ့မိသားစုကို ဟယ်ယန်တစ်ယောက်ဘယ်လို လက်စားချေမလဲဆိုတာရသစုံခံစားရမယ့်ဇာတ်လမ်းတွဲလေးကို ဆက်လက်ကြည့်ရှုပေးကြပါဦးရှင့်