အန်နာမီကာဆိုတာ ကျိကျိတက်ချမ်းသာလှတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ရဲ့ဇနီး။ဒါပေမဲ့ အဝတ်ဗလာနဲ့ အသတ်ခံလိုက်ရချိန်မှာတော့ အင်စပက်တာကူနယ်လ်ကို စုံစမ်းစစ်ဆေးဖို့တာဝန်ပေးခြင်းခံရပါတယ်။ခင်ပွန်းဖြစ်သူမရှိချိန်မှာ ဖယောင်းတိုင်တွေ ဝိုင်ခွက်တွေရယ် အဝတ်ဗလာရယ်နဲ့ အသတ်ခံလိုက်ရတဲ့အတွက်သဲလွန်စရှာမတွေ့တော့ ကူနယ်လ်တစ်ယောက် ဖြေရှင်းရခက်နေခဲ့တာပေါ့။အန်နာမီကာရဲ့ အမွှာညီမဖြစ်သူ ရောက်လာချိန်မှာ အမှုက ရှုပ်သထက်ပိုရှုပ်လာတာမို့မှုခင်းစီးရီးနှစ်သက်သူတို့ သဘောတွေ့စေမှာပါ။