Content – TV-MA ဒီတခါ တင်ဆက်ပေးချင်တာကတော့ Netflix Limited Series တစ်ခုဖြစ်တဲ့ “အတိတ်မှ ပေးစာများ” ဆိုတဲ့ တူရကီ စီးရီးလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ပြောရရင်တော့ ‘သမီးနှင့် အမေများ’ တူရကီဗားရှင်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အီလစ်ဖ် ဆိုတဲ့ မိန်းကလေးဟာ မှတ်ဉာဏ်ချို့ယွင်းရောဂါသည် ဆရာမဟောင်း အမေဖြစ်သူ ဖတ်မာ ရဲ့ပစ္စည်းဟောင်းတွေကို ရှာဖွေကြည့်ရင်းနဲ့ စာထုပ်တစ်ထုပ်ကိုတွေ့မိရာကနေ သူမ မသိဘဲ ဖုံးကွယ်ခံထားရတဲ့ လျှို့ဝှက်ချက်ကြီးကို သိမြင်သွားရပါတယ်အဲဒါကတော့ သူမရဲ့အမေရင်းဟာ ဆရာမ ဖတ်မာရဲ့ ကျောင်းသူဟောင်းတစ်ယောက်ဖြစ်ပြီး အဲဒီဇာတ်ရှုပ်ကြီးထဲမှာ ပါဝင်နေတဲ့ ကျောင်းသားကျောင်းသူ ၅ယောက်ကိုနောက်ကြောင်းပြန်လှန်ရင်း သူ့ရဲ့ မိခင်ရင်းရှာပုံတော်ဖွင့်ပုံကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ အပိုင်း ၈ ပိုင်းရှိတဲ့ ဒီ ဇာတ်လမ်းမှာ Gökçe Bahadır, Onur Tuna, Selin Yeninci, ErdemŞenocak, Saygın Soysal, Güneş Şensoy, Can Bartu Arslan, Kerem Alp Kabul, Deniz Bakacak, Nilüfer Bayraktutan စသူတို့က ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ညွှန်း RanaDenizer ဖြစ်ပြီး ဒါရိုက်တာ Cenk Ertürk ဖြစ်ပါတယ်။