ချစ်ပရိသတ်များအတွက် – ဇာတ်လမ်းကောင်း တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယယနေ့မှာတော့ 2025 ခုနှစ်ထုတ် တရုတ်ပညာပေးဒရာမာ《Sword Rose》 (利劍玫瑰) ကို မိတ်ဆက်ပေးချင်ပါတယ်လူကုန်ကူးမှုတိုက်ဖျက်ရေးအခြေခံဇာတ်လမ်းအဖြစ် ရိုက်ကူးထားပြီး၊လူ့ဘောင်အဖွဲ့အစည်းအတွက် တာဝန်ခံမှု၊ တရားမျှတမှု၊ သက်ဆိုင်ရာအဖွဲ့အစည်းများရဲ့ စွန့်စားမှုတို့ကို လှုပ်လှုပ်ရှားရှား ထင်ဟပ်စွာဖော်ပြထားသောရုပ်မြင်သံကြားလက်ရာတစ်ခုဖြစ်ပါတယ်ဇာတ်လမ်းတွင် အဓိကဇာတ်ဆောင်အဖြစ် မင်းသမီး Dilraba Dilmura ကတော့ရဲအရာရှိ Deng Yan အဖြစ် သရုပ်ဆောင်ထားပါတယ်…Dilraba ဟာ“Eternal Love,” “You Are My Glory” စတဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေကတစ်ဆင့် နိုင်ငံတကာပရိသတ်တို့ရဲ့ အချစ်ကို အပြည့်အဝရထားတဲ့ သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်ဒီကားလေးမှာ Dilraba သရုပ်ဆောင်ထားတဲ့ Deng Yan ဟာ ချစ်သူရဲ့ သေဆုံးမှုကို စုံစမ်းရာကနေလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ထဲသို့ ဝင်ရောက်ကာ တရားမျှတမှုအတွက်တာဝန်ယူမှုအပြည့်နဲ့ မလျှော့သော ဇွဲလုံ့လတို့နဲ့ အဆုံးထိ လျှောက်ဖို့ ကြိုးစားခဲ့တာပေါ့…မင်းသား Jin Shijia ကတော့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကရဲအရာရှိ Chang Rui အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး၊ သူ့အဖေဟာလည်း လူကုန်ကူးမှုအမှုတစ်ခုအတွင်း သေဆုံးခဲ့ရတဲ့စိတ်မကောင်းစရာ အတိတ်ဇာတ်လမ်းရှိသူ ဖြစ်ပါတယ်…ဇာတ်လမ်းတစ်လျှောက်တွင် ဖြစ်ရပ်မှန်များမှ အခြေခံထားသော အမှုအမျိုးမျိုးကို တစ်ခုခြင်းစီဖြင့်ဖြေရှင်းသွားပြီး လူ့ဘောင်အဖွဲ့အစည်းထဲမှာ ပျောက်ကွယ်လုဖြစ်လာတဲ့ တရားမျှတမှု၊စည်းမျဉ်းစည်းကမ်းများနဲ့ ရိုးသားတဲ့ ရဲအရာရှိတို့ရဲ့ တာဝန်ယူမှုကို ပေါ်လွင်စွာ ဖော်ပြပေးထားမှာပဲဖြစ်ပါတယ်…ဇာတ်လမ်းက စိတ်လှုပ်ရှားဖွယ်ဖြစ်တဲ့အပြင် ပညာပေးဇာတ်လမ်းကောင်းလည်းဖြစ်တာမလို့ မိသားစု၊မိတ်ဆွေများနဲ့အတူ ဘာသာပြန်လက်ရာလေးကို ကြည့်ရှုဖို့ ဖိတ်ခေါ်အပ်ပါတယ်နော်…