လန်ဒန် 7/7 အသေခံဗုံးပေါက်ကွဲမှုတွေအပြီးမှာ နောက်ထပ်ဖြစ်လာမဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကြိုတင်ကာကွယ်ဖို့ ရဲတွေဟာ အန္တရာယ်များတဲ့ လူဖမ်းရှာဖွေရေးလုပ်ကြရပါတယ်ဒါပေမဲ့လည်း စောင့်ကြည့်ရေး အမှားတွေ၊ ဆက်သွယ်ရေး အမှားတွေကြောင့် ရဲတွေဟာ ဘရာဇီးလ်ကလူငယ်ကောင်လေး Jean ကို သံသယတရားခံအဖြစ်နဲ့မှားယွင်းသတ်ဖြတ်လိုက်မိကြပါတယ်။ဒါကြောင့် လန်ဒန်ရော၊ ဘရာဇီးမှာပါ Jean ရဲ့ တရားမျှတမှုအတွက် ဆန္ဒပြပွဲတွဲဖြစ်ပေါ်လာပြီး Jean ရဲ့မိသားစုနဲ့ မောင်နှမတွေ၊ မတရားမှုကို လက်ပိုက်ကြည့်မနေနိုင်တဲ့သတင်းထောက်တွေနဲ့ရဲအရာရှိ အချို့ဟာ အမှန်တရားအတွက် ရာထူးအာဏာမြင့်မားသူတွေနဲ့ တိုက်ပွဲဝင်ရပါတော့တယ်။အသေခံဗုံးခွဲသမားတွေကို စုံထောက်တွေက အမှုလိုက်ပုံတွေ၊ အမှန်တရားအတွက် သွေးအေးတိုက်ပွဲတွေနဲ့အတူ နောက်ဆုံးမှာ ဘယ်ဘက်က အနိုင်ရမလဲဆိုတာကိုတော့ ဇာတ်လမ်းတွဲထဲမှာစိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။