My Magic Prophecy ทำนายทายทัพ FHD

My Magic Prophecy ทำนายทายทัพ

Drama Sci-Fi & Fantasy FHD 2025-07-27 8.3

SeaJimmy တို့အတွဲလေးရဲ့ ဇာတ်ကားအသစ်လေးဖြစ်တဲ့ “တားရော့ကပြောသောကံတရား” လာပါပြီဒီကားလေးမှာတော့ “ဒေါက်တာထပ့်”ဟာ Tarot တွေ ဗေဒင်တွေကို လုံးဝအယုံအကြည်မရှိတဲ့ဂျစ်ကန်ကန် ကောင်လေး တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ နာမည်ကြီး Tarot ဆရာတစ်ယောက်ဖြစ်တဲ့ ” တားရော့ဆရာအင် ” ဟာသူငယ်ချင်းဖြစ်သူရဲ့အစ်ကိုဖြစ်တဲ့ ဒေါက်တာထပ့် နဲ့တွေ့ဆုံခဲ့ပြီး မကြာခင်သေရတော့မည်ဖြစ်ကြောင်း ဟောကြားခဲ့ပေမဲ့ဗေဒင်တွေကို အယုံအကြည်မရှိတဲ့သူဖြစ်တာမို့ အမှုမဲ့အမှတ်မဲ့နေလာခဲ့ရင်း ကြီးမားတဲ့ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ကြုံတွေ့လာရပြီးတိုက်တိုက်ဆိုင်ဆိုင်ပဲ အသက်ဘေးအန္တရာယ်နဲ့ ခဏခဏကြုံတွေ့လာရပါတော့တယ်။ဒီကံဆိုးမှုတွေဟာ ကံကြမ္မာရဲ့အလှည့်အပြောင်းတွေကြောင့်လား ဟောကြားချက်ရဲ့တိုက်ဆိုင်မှုကြောင့်လားဆိုတာကို ဝေခွဲလို့မရနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ဒီတော့ ဒေါက်တာထပ့်ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့အတွက် ညီမဖြစ်သူရဲ့တောင်းဆိုချက်အရဒေါက်တာထပ့်ဟာ တားရော့ဆရာလေးအင် နဲ့အတူ “မယ့်ဟွန်င်ဆွန်” ဆိုတဲ့မြို့ငယ်လေးကို ခဏတာ အတူတူပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။အဲဒီတော့ “မယ့်ဟွန်င်ဆွန်” ဆိုတဲ့မြို့လေးမှာ ဒေါက်တာထပ့်နဲ့ အင်တို့ရဲ့ဇာတ်လမ်းလေးဟာ ဘယ်လိုဆက်ဖြစ်သွားမလဲ …တားရော့ဆရာလေးအင်ကရော သာမန်တားရော့ဆရာလေးလား…ပြီးတော့ တားရော့ဆရာလေးအင်ကရော ဒေါက်တာ့ရဲ့ကံကြမ္မာကို တကယ်ပဲပြောင်းလဲပေးနိုင်ပါ့မလား … ဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာပဲ စောင့်ကြည့်ရမှာဖြစ်လို့ လုံးဝလုံးဝ လက်မလွှတ်လိုက်ကြနဲ့နော် ????❣️