Bhaukaal FHD

Bhaukaal

Crime FHD 2020-03-06 6.4

ဒီဇာတ်လမ်းကတော့ အမှန်တကယ်ဖြစ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ တာဝန်ထမ်းဆောင်မှုမှတ်တမ်းကိုအခြေခံထားတဲ့ မှုခင်းဒရာမာဇာတ်လမ်းတွဲ တစ်ခုဖြစ်ပါတယ်။မင်းသားမိုဟစ်ရိုင်နာက တည်ငြိမ်ပြီး သတ္တိနဲ့ တာဝန်ခံမှုအပြည့်ရှိတဲ့ ရဲအရာရှိအဖြစ် သရုပ်ဆောင်ထားပြီးပရိသတ်ရဲ့အားပေးမှုကိုရရှိထားပါတယ်။ ဒီဇာတ်လမ်းမှာ နိုင်ငံတစ်နိုင်ငံရဲစည်းမျဉ်းစည်းကမ်းကိုမလိုက်နာတဲ့ ရာဇဝတ်ဖွဲ့အစည်းကြီးများကို ရဲတပ်ဖွဲ့က ဘယ်လိုအောင်မြင်စွာရင်ဆိုင်ထားကြောင်း ပြသထားပါတယ်။မူဇာဖာနဂါမြို့က လွတ်လပ်မှုတွေကင်းမဲ့ပြီး ငရဲလားအောင့်မေ့ရတဲ့အထိဖြစ်လာတဲ့နေရာမှာ တကယ်ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကို အခြေခံထားတာဖြစ်ပါတယ်။၊မင်းသားက ရဲတပ်ဖွဲ့ရဲ့ SSP အဖြစ် အမိန့်ကျပြီး မြို့ကိုရောက်လာတဲ့အခါမှာ ပြဿနာအများကြီးနဲ့ ကြုံရပါတယ်။ငရဲဂိုဏ်းတွေ အင်အားချင်းပြိုင်ဆိုင်ပြီးထိန်းချုပ်နေတဲ့မြို့မှာ တစ်ယောက်တည်းနဲ့ တရားမျှတမှုတည်ဆောက်ဖို့ကြိုးစားတဲ့အကြောင်းကို မြင်တွေ့ရမှာဖြစ်ပြီး၊ ဇာတ်လမ်းတစ်လျှောက်လုံးမှာ လူသတ်မှုတွေအများကြီးနဲ့ရာဇဝတ်မှုတွေကိုလည်း ဖြေရှင်းရင်ဆိုင်ရတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ မှုခင်းတွေ၊ ရာဇဝတ်မှုပါဝင်တဲ့ဇာတ်လမ်းမျိုးကြည့်ရတာကိုသဘောကျရင် ဒီဇာတ်လမ်းတွဲလေးကို လက်မလွတ်သင့်ပါဘူး။