Seo Poong(Lee Joon-Ho) ဟာ အရည်အချင်းရှိလှတဲ့ စားဖို့မှူးတစ်ဦးဖြစ်ပြီး နာမည်ကြီးဟိုတယ်က တရုတ်စားသောက်ဆိုင်တစ်ခုမှာ စားဖို့မှူးအဖြစ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။သူ့ရဲ့ စေ့စပ်ထားတဲ့သတို့သမီးဟာ သူတို့ဟိုတယ်ရဲ့ ကိုယ်စားလှယ်စီအီးအိုနဲ့ဖောက်ပြန်သွားပြီးတဲ့နောက်လက်စားချေမယ်ဆိုတဲ့စိတ်ကူးနဲ့ စားသောက်ဆိုင်ကနေ အလုပ်ထွက်ကာ မျက်နှာချင်းဆိုင်မှာရှိတဲ့တရုတ်စားသောက်ဆိုင်လေးမှာ ဝင်ရောက်လုပ်ကိုင်ဖို့ဖြစ်လာပါတော့တယ်။Wok of love လို့ အမည်ရတဲ့တရုတ်စားသောက်ဆိုင်လေးဟာ အရင်က ငွေတိုးချေးစားသူDoo Chil-Seong(Jang Hyuk) ရဲ့လက်ထဲမှာ စားသုံးသူတွေမရှိလို့ စီးပွားရေးရပ်သွားရတဲ့ဆိုင်လေးပေါ့။အဲဒီဆိုင်လေးကို Seo Poong တစ်ယောက်ဟာ သူ့ရဲ့ တတ်ကျွမ်းထူးချွန်တဲ့ ဟင်းချက်အရည်အချင်းနဲ့ပြန်လည်အဖက်ဆယ်ပြီးတဲ့နောက်မှာ တရုတ်စားသောက်ဆိုင်လေးကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်း Dan Sae-Woo(Jung Ryeo-Won) ဆိုတဲ့မိန်းမငယ်လေးဟာ ချမ်းသာတဲ့မိသားစုမှဖြစ်သော်ငြား လက်ထပ်ပွဲနေ့မှာ အဖေဖြစ်သူ အဖမ်းခံလိုက်ရကာ လက်ထပ်ပွဲပျက်သွားပြီးအခုချိန်မှာတော့ အထည်ကြီးပျက်ဖြစ်နေရသူပေါ့။သူမဟာလည်း သူမကို မြင်မြင်ချင်းချစ်မိသွားတဲ့ Doo Chil-Seong ရဲ့ ကျေးဇူးကြောင့်Seo Poong ဖွင့်လှစ်ထားတဲ့ တရုတ်စားသောက်ဆိုင်လေးမှာ အလုပ်လုပ်ဖို့ ဖြစ်လာရင်းဘယ်လို သုံးပွင့်ဆိုင် love line လေးတွေ ပေါ်လာမလဲ ….စားဖို့မှူး Seo Poong ရဲ့ အချစ်နဲ့ ဟင်းလျာတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ကားကောင်းလေးဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ပါဦးနော် .. ။