The Village: Achiara’s Secret 마을 - 아치아라의 비밀 FHD

The Village: Achiara’s Secret 마을 - 아치아라의 비밀

Mystery FHD 2015-10-07 6.667

Mysteryဆန်ဆန် ဇာတ်လမ်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အတွက် ၂၀၁၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲကောင်းလေးကို CMမှ ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။Castတွေအနေနဲ့ကတော့ ပရိသတ်အချစ်တော် အီမူဂီမင်းသား Yook Sung-Jae၊ အွန်စောအငယ်လေးလို့လူသိများတဲ့ မင်းသမီး Moon Geun-young၊ Penthouse ထဲမှ မင်းသမီး Shin Eun-kyung တို့အပြင်အခြားသော နာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ဇာတ်လမ်းလေးကတော့…အာချီအာရာလို့ ခေါ်တဲ့ ရွာလေးဟာ ရာဇဝတ်မှုတွေ လုံးဝ မရှိသလောက် နည်းပါးတဲ့အေးချမ်းတဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ်။ဟန်ဆိုယွန်း (Moon Geun-young) ဟာ ကနေဒါနိုင်ငံမှာ နေထိုင်ကြီးပြင်းခဲ့သူလေးဖြစ်ပြီးတစ်နေ့မှာတော့ သူရဲ့ မိသားစုနဲ့ပတ်သက်တဲ့ ထူးဆန်းတဲ့ စာတစ်စောင်ကို လက်ခံရရှိခဲ့ပြီးနောက်မှာအာချီအာရာရွာလေးဆီကို သွားရောက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ဒီလိုနဲ့ ဆိုယွန်းဟာ အာချီအာရာရွာလေးမှာ ရှိတဲ့ အလယ်တန်းကျောင်းတစ်ကျောင်းမှာအင်္ဂလိပ်စာဆရာမအဖြစ်နဲ့ တာဝန်ထမ်းဆောင်ဖို့ ဖြစ်လာခဲ့ပြီး သူ ပထမဆုံးအလုပ်စဝင်တဲ့နေ့မှာပဲ အာချီအာရာရေကန်အနီးနားမှာရှိတဲ့ တောအုပ်အတွင်းတစ်နေရာမှာ မြေမြှုပ်ထားတဲ့ ရုပ်အလောင်းတစ်ခုကို  အမှတ်မထင် တွေ့ရှိလိုက်ရပါတော့တယ်။ဘတ်အူဂျယ် (Yook Sung-jae) ကတော့ အာချီအာရာရဲစခန်းက ရဲအရာရှိပေါက်စလေး တစ်ဦးဖြစ်ပြီးရွာခံတွေကို အမြဲတမ်း စိတ်ရင်းအပြည့်နဲ့ အားကြိုးမာန်တက် ကူညီပေးလေ့ရှိသူတစ်ယောက်ပါ။ဒီလိုနဲ့ ဆရာမလေး ဟန်ဆိုယွန်းနဲ့ ရဲအရာရှိပေါက်စ ဘတ်အူဂျယ်တို့နှစ်ယောက် အတူပူးပေါင်းပြီးတစ်ရွာလုံး စိတ်ဝင်တစားဖြစ်နေကြတဲ့ ထိုအမှုရဲ့ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားကြရင်းအပြင်ပန်းမှာတော့ အလွန်တရာ အေးချမ်းလှတဲ့ အာချီအာရာရွာလေးရဲ့ အကျည်းတန်တဲ့ လျှို့ဝှက်ချက်တွေတစ်စနဲ့တစ်စ ပေါ်ပေါက်လာတဲ့အခါမှာတော့…. သူတို့နှစ်ဦးသား ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းသွားကြမလဲ…အာချီအာရာရွာလေးရဲ့ ရှုပ်ထွေးပွေလီတဲ့ လျှို့ဝှက်ချက်တွေကရော ဘာတွေဖြစ်မလဲဆိုတာ…ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစား ကြည့်ရှုရမှာပဲဖြစ်ပါတယ်။