ထက်မြက်တဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဟာရူတိုဟာ ဘတ်စ်ကားပေါ်မှာ တရားရေးသင်တန်းသူ ဆာကူရာရဲ့ မှားယွင်းစွပ်စွဲခဲ့ရပြီး အရှက်ရစရာတွေ ကြုံတွေ့ခဲ့ရပါတယ်။ အဆိုးဆုံးအခြေအနေနဲ့တွေ့ဆုံခဲ့တဲ့ဟာရူတိုနဲ့ ဆာကူရာတို့ဟာ မြန်ဆန်လွန်းတဲ့ ကံကြမ္မာအလှည့်အပြောင်းရဲ့ ကျီစားမှုကြောင့်မကြာခဏ ဆုံလာကြဖို့တွေ ဖြစ်လာခဲ့ပါတယ်။ ရည်းစားဖြစ်သူဖောက်ပြန်သွားလို့ စိတ်ထိခိုက်နေတဲ့ဆာကူရာကို ဟာရူတိုအနေနဲ့ မျက်နှာလွှဲမနေနိုင်ဘဲ ကူညီမိရာကအစ သူတို့နှစ်ဦး ပတ်သက်မှုကပိုနက်ရှိုင်းလာခဲ့ပါတယ်။မကြာခင်မှာ ဟာရူတိုဟာ သူ့ရုံးကို တရားရေးသင်တန်းသူအဖြစ် ရောက်လာတဲ့ ဆာကူရာကိုအထက်စီးကနေ ဆက်ဆံနေပေမယ့် ဆာကူရာ အခက်အခဲကြုံတိုင်း ကိုယ့်ကိုကိုယ် သတိမထားမိဘဲ အမြဲတမ်း ကူညီပေးမိသူ ဖြစ်သွားပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဆာကူရာက လူသတ်မှုမှာသံသယရှိသူ ဖြစ်လာတဲ့အခါ…