ဆုပေါင်းများစွာဆွတ်ခူးထားသလိုပဲ horror ပရိသတ်တိုင်း မသိသူမရှိမဲ့ စာရေးဆရာကြီး Stephen King ရဲ့ 2019 စာအုပ်ကို ပြန် adaptation လုပ်ထားတဲ့ 2025 ထွက် horror seriesအသစ်လေးဖြစ်ပါတယ် ။ Game of Thrones ကိုရိုက်ခဲ့တဲ့ director တွေထဲကတစ်ယောက်ဖြစ်သူ Jack Bender က တာ၀န်ယူရိုက်ကူးမှာဖြစ်ပြီး အပိုင်းရှစ်ပိုင်းထုတ်လွှင့်သွားပါမယ် ။Review ကတော့ Stephen King မူအတိုင်း ဆယ်ကျော်သက်လေးတွေဆီမှာ ဇာတ်အိမ်တည်ထားပြီး လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကနေ စွမ်းအားရှင်ကလေးတွေကိုပြန်ပေးဆွဲကာလေ့ကျင့်ရေးကျောင်းကြီးမှာ ပိတ်ထားတယ် ။ လုခ်ဆိုတဲ့ သင်္ချာပညာရှင် ညဏ်ကြီးရှင် ဆယ်ကျော်သက်လေးကလဲ အဲ့လိုပဲ ။ ညအိပ်နေတုန်းမှာ အလစ်၀င်ဖမ်းဆီးခံခဲ့ရပြီး နိုးလာတော့မိန်းပြည်နယ် တစ်နေရာက ဒီထူးဆန်းတဲ့နေရာကြီးကိုရောက်နေပြီ ။ ကိုယ့်လိုမျိုး ပုံစံတူတခြားကလေးတွေလဲ ရှိနေတဲ့အပြင် ဒီအဖွဲ့အစည်းကြီးရဲ့ ရည်ရွယ်ချက်၊ ဆုပေးဒဏ်ပေးစနစ်တွေ၊ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုလဲ တဖြည်းဖြည်းသိလာတယ် ။သူတို့အပြောမှာတော့ ကမ္ဘာကြီးကိုကယ်တင်ဖို့အတွက် အများနဲ့မတူပဲ ထူးခြားတဲ့ အရည်အသွေးရှိတဲ့ ကလေးတွေကိုထိန်းကျောင်းပေး လေ့ကျင့်ပေးတယ်ဆိုပေမဲ့ အဲ့နောက်ကွယ်မှာရှိနေဦးမဲ့လျှို့ဝှက်မှုတွေကိုအဖြေရှာရင်း အရွယ်နဲ့မစာပဲ ရင့်ကျက်လွန်းတဲ့ ဆယ့်နှစ်နှစ်သားလေးတစ်ယောက် ဘယ်လိုမျိုးတွေလွတ်မြောက်အောင် ရုန်းကန်သွားသလဲဆိုတာကိုမြင်ရမှာပါ ။