ဖင်န်ဟာ နတ်ကတော်မလေးတစ်ယောက်ဖြစ်ပြီး အချောအလန်းလေးတွေပဲရှိတဲ့ Paradise Seven ပါတီကို သွားခဲ့ပါတယ် အဲဒီအထဲမှာ ပလေးဘွိုင်းလေးတွေ ဖြစ်တဲ့ ပီ ၊ သာ့ ၊ ဂျော့နဲ့ဒွန်တို့အပြင် ဆက်စီကျတဲ့ကောင်မလေး ”ဘမ်” လည်း ပါပါတယ်ပါတီညတစ်ညလုံး အားရပါးရ စိတ်လွတ်ကိုယ်လွတ် သောက်စားပျော်ပါးနေခဲ့ကြတာ မိုးလင်းပေါက်အထိပါပဲမနက်မိုးလင်းတော့ ဘမ်တစ်ယောက် အသက်မရှိတော့ပါဘူး ဒီလိုကမောက်ကမတွေကြားမှာ ဖင်န်က သူ့ရဲ့ပညာကိုသုံးပြီး ဘမ်ရဲ့ ဝိညာဉ်နဲ့ ဆက်သွယ်ခဲ့ပါတယ် ဒါပေမယ့် ပြသာနာက ဘမ်ကအမူးလွန်ပြီး သူ့ကို ဘယ်သူသတ်သွားလဲဆိုတာ မသိတာပါပဲအသက်ရှင်နေတဲ့သူတွေကလည်း ချာချာလည်အောင်မူး သရဲကလည်း မူးနေတယ်ဆိုတော့ ဘယ်သူကသတ်သွားတာလဲပိုဆိုးတာက ငယ်ရွယ်တက်ကြွတဲ့ ဒုရဲအုပ်လေး ဒန်က ဒီအမှုကို ကိုင်တဲ့အချိန်မှာ ပိုလို့တောင်ရှုပ်ထွေးသွားတာမို့ ဖင်န်တစ်ယောက် အချိန်မနှောင်းခင် လူသတ်သမားကိုရှာတွေ့သွားမလားဆိုတာ ဟာသအရောလေးနဲ့ ရင်ခုန်စွာ ကြည့်လိုက်ရအောင်နော်….