လတ်တလောနာမည်ကြီးနေတဲ့ Cheer Up ထဲ Main lead, True Beauty ထဲကအင်ဂျူဂယောင်ရဲ့မောင်လေး အပြင်အဆင်လေးတွေ အများကြီးပါဝင်တဲ့ နန်းတွင်းကားလေးထွက်ရှိလာပါပြီအများနဲ့ဆိုရင် ခက်ထန်ပြီး ဒေါသကြီးတဲ့သူတစ်ယောက်ဖြစ်သလိုသားတော်တွေနဲ့ပတ်သတ်လာရင် မယ်တော်ကြီးပါမကျန်ဆတ်ဆတ်ထိမခံ ပြန်ပြောတတ်တဲ့ မိဖုရားခေါင်ကြီး Im Hwa Ryeongပြဿနာအိုးလို့ခေါ်ရလောက်တဲ့ထိ ဆိုးသွမ်းလှတဲ့ သူမရဲ့သားတော်တွေကတော်ဝင်မိသားစုက လူတိုင်းအမြင်မှာ မျက်စိစပါးမွှေးစူးစရာဆိုပေမယ့်သူအတွက်ကတော့ သားတော်တွေ ကျန်းမာဖို့ကအဓိကပါပဲသားတော်ထဲမှာ အလိမ္မာဆုံး အတော်ဆုံးဖြစ်တဲ့ အိမ်ရှေ့စံမင်းသားဟာနန်းတွင်းပြဿနာကြားစိတ်ရှုပ်ရတဲ့ မိဖုရားခေါင်ကြီးရဲ့ အမောပြေလေးပေါ့ ဒီလိုနဲ့အိမ်ရှေ့စံတစ်ယောက် မျိုးရိုးလိုက်ရောဂါခံစားနေရတာကို သိလိုက်ရတဲ့အခါ…..အိမ်ရှေ့စံနေရာကိုလုချင်တဲ့နေတဲ့သူတွေနဲ့ရှုပ်ထွေးလှတဲ့ နန်းတွင်းအရှုပ်တော်ပုံတွေကြား သားတော်တွေကို ဘယ်လိုပြုပြင်ပြောင်းလဲပေးမှာလဲဒုက္ခမိုးတွေကြားကနေ ထီးသဖွယ် အကာအကွယ်ပေးမဲ့ မိခင်တစ်ဦးရဲ့မေတ္တာကိုဖော်ပြထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်