၁၉၅၀မှ ၁၉၅၃ထိဖြစ်ပျက်ခဲ့တဲ့ကိုရီးယားစစ်ပွဲကိုအခြေပြုပြီး နှစ်(၆၀)ပြည့် အခမ်းအနားကိုဂုဏ်ပြုသောအားဖြင့်Legend of the Patriots(2010) ဇာတ်ကားကိုရိုက်ကူးတင်ဆက်ခဲ့တာပါ…ဒါရိုက်တာKim Sang-hwiနဲ့Song Hyeon-wook တို့ဟာ တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားရဲ့စစ်ဖြစ်ရတဲ့အကြောင်းရင်းစစ်ရဲ့ဆိုးကျိုးတွေကိုသာမက သာမန်လူတွေစစ်အတွင်းခက်ခဲပင်ပန်းစွာ အသက်ရှင်ဖို့ရုန်းကန်သွားရတာကို အကောင်းမွန်ဆုံး ရိုက်ပြသွားပါတယ်...နိုင်ငံရဲ့သမိုင်းဝင်နေ့အတွက်ရိုက်ကူးတဲ့ကားဆိုတော့ လူအင်အားတွေ လက်နက်တွေ သံချပ်ကာတိုက်ယာဉ်တွေ တိုက်လေယာဉ်တွေအမြှောက်တွေနဲ့ တကယ့်စစ်မြေပြင်အတိုင်းဖြစ်အောင်ခမ်းနားစွာရိုက်ကူးထားပါတယ်….ကိုရီးယားတွေရဲ့သမိုင်းကြောင်းကို လေ့လာသူတွေအနေနဲ့ရော စစ်ကားကြိုက်သူတွေအတွက်ရော ကြည့်ရကြိုးနပ်စေပါတယ်..