ဒီစီးရီးလေးကတော့ ကိုရီးယားတစ္ဆေပုံပြင်တွေဖြစ်တဲ့– အမြှီးကိုးချောင်းမြေခွေးပုံပြင်– ဆာဂျင်းဓါးကျိန်စာ– ဆောင်ကြာမြိုင်တစ္ဆေဒဏ္ဍာရီ– တစ်ကျော့ပြန်မိန်းမပျို အစရှိတဲ့ မတူညီတဲ့ တစ္ဆေဇာတ်လမ်းတို ၈ ပိုင်းကို ပေါင်းစပ်တင်ဆက်ထားတဲ့စီးရီးလေးပဲဖြစ်ပါတယ်။ တစ်ပိုင်းချင်းစီမှာ မတူညီတဲ့ ဇာတ်အိမ်နဲ့ ဇာတ်လမ်းရသတစ်မျိုးစီ ခံစားကြည့်ရှုရမှာ ဖြစ်တဲ့အတွက် Horror Story တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအနေနဲ့ဒီစီးရီးလေးကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။