အဓိကအမျိုးသမီးဇာတ်လိုက်နှစ်ယောက်ဖြစ်တဲ့ ဒီယာနာနဲ့ မီရှယ်တို့ဟာအရင်းနှီးဆုံးသူတွေဆီကနေ သစ္စာဖောက်ခံလိုက်ရပါတယ်။သူမနဲ့ ဆယ်နှစ်ကြာပေါင်းဖက်ခဲ့တဲ့သူက နောက်မိန်းမယူထားတာကို ဒီယာနာကသိရှိသွားပြီး တစ်ဖက်မှာလည်း အလုပ်လုပ်နေတယ်လို့သိထားတဲ့ အမျိုးသားဖြစ်သူကလောင်းကစားဝိုင်းမှာ အကြွေးနစ်နေတာကို မီရှယ်တစ်ယောက် သိရှိသွားပါတော့တယ်။အဲဒီအချိန်မှာပဲ အသည်းကွဲနေတဲ့သူမတို့သူငယ်ချင်းနှစ်ယောက်က ငြိမ်ခံမနေဘဲကိုယ့်ကိုယ်ကိုယ်ပြန်လည်ရှာဖွေပြီး လက်စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ်။သူမတို့တွေ အောင်မြင်မြင်မြင်နဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ရှာတွေ့သွားနိုင်မလား၊အမျိုးသမီးသူငယ်ချင်းနှစ်ဦးကြားက ခင်မင်မှု ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုတွေနဲ့လက်စားချေမှုအလွဲလေးတွေကိုလည်း ဒီကားလေးမှာဟာသနှောပြီး ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။