ဇာတ်လမ်းအကျဉ်းကတော့……အသက်သုံးဆယ်ကျော်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ယဲ့မုံကလုပ်ငန်းခွင်မှာအဆင်မပြေတာကြောင့်အလုပ်ထွက်လိုက်ပြီးကိုယ်စုဆောင်းထားတဲ့ပိုက်ဆံလေးနဲ့ လှပတဲ့မြို့ငယ်လေးမှာ ဘဝအသစ်စဖွင့်လိုက်တယ်။အေးချမ်းပျော်ရွှင်တဲ့နေ့ရက်တွေကိုခံစားနေချိန်မှာပဲ နက်ရှိုင်းတဲ့မျက်ဝန်းတွေရှိတဲ့လီကျင်ယွီဆုံတွေ့ခဲ့တယ်။ သူ့ရဲ့လျှိ့ဝှက်ပြီးအေးစက်တဲ့အပြုအမှုတွေကယဲ့မုံကိုစွဲဆောင်သွားခဲ့တယ်။ အဖော်မဲ့တဲ့သူစိမ်းနှစ်ယောက်ဟာ တဖြည်းဖြည်းနဲ့စိတ်ချင်းနီးစပ်လာကြတယ်။ယဲ့မုံကလီကျင်ယွီရဲ့ခက်ခဲတဲ့ဘဝကိုသနားကြင်နာပြီး သူ့ကိုအကူအညီတွေပေးခဲ့တယ်။လီကျင်ယွီလည်း ယဲ့မုံပံ့ပိုးမှုတွေကြောင့် စိတ်တံခါးကိုဖွင့်လာနိုင်ခဲ့တယ်။အရင်ကအေးစက်ခဲ့သူဟာ အခုချိန်မှာယုံကြည်မှုတွေနဲ့ပွင့်လန်းလာခဲ့တယ်။သူတို့ကအချင်းချင်းနွေးထွေးမှုတွေနဲ့ အတူကုစားပြီး ရခဲလှတဲ့အချစ်ကိုပျိုးထောင်ကြတယ်။ဒါပေမယ့်… တစ်နေ့မှာ လက်စွပ်တစ်ကွင်းက သူတို့နှစ်ဦးအကြားကအေးချမ်းမှုလေးကိုဖျက်ဆီးလိုက်တယ်။ယဲ့မုံအမေသေဆုံးမှုနဲ့ပတ်သက်တဲ့ နောက်ကွယ်ကအဖြေတွေကတဖြည်းဖြည်းပေါ်လာခဲ့တဲ့အတွက်ယဲ့မုံကရက်စက်တဲ့အမှန်တရားကိုမဖြစ်မနေရင်ဆိုင်ရပါတယ်။တကယ်တော့ ယဲ့မုံရဲ့အမေသေဆုံးမှုက လီကျင်ယွီရဲ့မိသားစုနဲ့ပတ်သက်နေခဲ့တယ်။ဒီအချိန်မှာ လီကျင်ယွီရဲ့စိတ်ကတော့ ယဲ့မုံဘက်မှာပဲရှိနေပါပြီ။ယဲ့မုံကလီကျင်ယွီဘဝထဲကို နေရောင်ခြည်လိုအလင်းပေးခဲ့တယ်။ အခု ယဲ့မုံရဲ့ဝမ်းနည်းမှုတွေကိုဖယ်ရှားပေးဖို့ လီကျင်ယွီအလှည့်ရောက်လာခဲ့တယ်။ နောက်ဆုံးမှာ သူတို့နှစ်ယောက်ကအတိတ်ကပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းပြီး နောင်တကင်းပြီး လှပတဲ့မနက်ဖြန်ဆီချီတက်လိုက်ပါတယ်။