မက်ဒရစ်မြို့က လူလတ်ပိုင်းအမျိုးသမီးငါးယောက်ဟာကိုယ်စီဒုက္ခတွေနဲ့ရင်ဆိုင်နေရပါတယ်။ခင်ပွန်းဖြစ်သူရဲ့ဖောက်ပြန်ခြင်းကိုခံရတဲ့ “မာဂါ”,အလုပ်ကိုဆုံးရှုံးရမလိုဖြစ်နေတဲ့ “နက်ထ်”ဆိုးရွားတဲ့ဝေဖန်မှုကြောင့်ဆိုင်ပိတ်ရမလိုဖြစ်နေတဲ့စားဖိုမှူး “ဗယ်ရာ”သက်ကြီးရွယ်အိုမိခင်ကြီးကိုပြုစုစောင့်ရှောက်ရင်း အိမ်ပေါ်ကနှင်ချခံနေရတဲ့ “အာဒယ်လာ”တစ်ချိန်ကနာမည်ကြီးမင်းသမီးဖြစ်ခဲ့ပေမဲ့ အခုချိန်မှာအလုပ်ရှားနေတဲ့ “ဗစ်တိုးရီးယား” ပြဿနာ ဒုက္ခကိုယ်စီနဲ့ရင်ဆိုင်နေရတဲ့သူတို့ငါးယောက် ထိုပြဿနာတွေကသူတို့ရဲ့စိတ်အခြေအနေကိုအဆိုးဆုံးအထိ တွန်းအားပေးခဲ့ပါတယ်။နောက်တော့အမျက်ဒေါသတွေ လက်စားချေမှုတွေပါဝင်လာပြီး နောက်ဆုံးမှာ သူတို့ငါးယောက်ပေါင်းဆုံပြီး ကိုယ့်ရဲ့အခက်အခဲတွေကို ရင်ဖွင့်ထုတ်ကြဖို့ဖြစ်လာပါတော့တယ်။