Doctor’s Mine หมอน่ารักคนนี้เป็นของผม FHD

Doctor’s Mine หมอน่ารักคนนี้เป็นของผม

Drama FHD 2025-07-20 8

Gown and Gear ဆိုတဲ့ဝတ္ထုကိုပြန်ပြီးတော့ ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်လို့ ဇာတ်အိမ်ခိုင်တယ်လို့ပြောလို့ရပါတယ်။အဓိက သရုပ်ဆောင်တွေဖြစ်တဲ့ နိုက်နဲ့မိုင်းအဖြစ်Lee Long Shi နဲ့ Arm Chaiyapat Jumpasin တို့ကအဓိကပါဝင်ထားပါတယ်။မိုင်းဆိုတဲ့ကောင်လေးက အစ်ကိုဖြစ်သူနဲ့ သူ့အစ်ကိုရဲ့ သူငယ်ချင်းဖြစ်တဲ့ နိုက်တို့ ရန်ဖြစ်နေလို့ ဝင်တားရင်းကကျောင်းရဲ့မင်းသားလေးဖြစ်တဲ့ နိုက်ကို ထိုးလိုက်မိပြီး နိုက် fan တွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။နိုက်ရဲ့ fan တွေလက်ထဲက လွတ်ဖို့အရေး ဉာဏ်များပြီး သူကနိုက်ရဲ့မိန်းမလေးပါဘာညာနဲ့ရွှီးလိုက်ကာမှ ဟိုကတကယ်ကြီးပေါ်ချလာပြီး အသားယူတာခံလိုက်ရပါတော့တယ်။အသားယူချင်တဲ့ နိုက်နဲ့ အူတူတူနဲ့ ဆရာဝန်လေး မိုင်းတို့ရဲ့ဇာတ်လမ်းလေးကိုcomedy, romance ဆန်ဆန်ကြည့်ရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။