Voiceစီးရီးနဲ့ပတ်သက်ပြီး အညွှန်းတော့ထွေထွေထူးထူးရေးစရာမလိုလောက်…..အသက်နဲ့သစ္စာလို့လူသိများကြပါတယ်….ဒီစီးရီးက ရဲမှုခင်းဌာနရဲ့ Call Center တစ်ခုကိုအခြေပြုပြီးတော့ ဇာတ်အိမ်ဖွဲ့ထားတာပါ…ကိုရီးယားရဲ့ လူသိများတဲ့ဇာတ်ကောင်ကPsychopath ပါပဲ…ကြည့်နေတုန်း Screen ထဲဝင်ပြီး သတ်ပစ်ချင်လောက်အောင် ဖမ်းစားနိုင်ပါတယ်….အဲ့လိုနေရာကို နာမည်ကြီးသရုပ်ဆောင်တွေထားသလို ဇာတ်အိမ်ကိုအမြင့်ဆုံးဖြစ်စေနိုင်တဲ့ နာမည်ရသရုပ်ဆောင်တွေPlot Twist အလန်းစားတွေနဲ့ ဖွဲ့စည်းပြီး အဆင့်အတန်းမြင့် Crimeဇာတ်လမ်းတွေဖန်တီးလေ့ရှိတယ်…လူကြိုက်များလှသလို ဒီ Voiceစီးရီးကလည်း အထင်ကရ စီးရီးဆက်ကြီးလို့ပြောရင်လည်းမမှားပါဘူး…..Voiceရဲ့အကောင်းဆုံးကတော့ SE1ရဲ့ အပိုင်း(၁)စပြီး Tempoကိုကျမသွားတာပါပဲ…ကိုယ်တိုင် ဇာတ်လမ်းထဲရောက်သွားသလိုခံစားရပြီး ကိုယ်တိုင်အမှုတွေအဖြေရှာရ Psychopath က ဘယ်သူဖြစ်မလဲကိုတွေးရ အသံတွေကြားပြီးဘာမှမကယ်နိုင်အကူအညီမပေးနိုင်နဲ့ တော်တော်ဒုက္ခများတယ်လို့ပြောရမှာပါပဲ…တစ်ချို့အခန်းတွေဆို ဟာ ဟင် ထအော်ရတာမျိုးရှိသလို ကြည့်ရင်း လည်ချောင်းတွေခြောက်ပြီးရေတွေပါငတ်တဲ့အခြေအနေမျိုးတွေလည်းကြုံရပါတယ်…