The Proud Twins 小魚兒與花無缺 FHD

The Proud Twins 小魚兒與花無缺

တရက် ၂ပိုင်းနှုန်းနဲ့တင်ဆက်သွားမှာကို ကြိုတင်သတိချပ်စေချင်ပါတယ်ကျွန်တော်တို့ငယ်ငယ်က နှစ်ခြိုက်စွာကြည့်ခဲ့ဖူးရတဲ့ ငါးကလေးဆိုတဲ့ဇာတ်လမ်းတွဲလေးကိုမှတ်မိကြဦးမယ်ထင်ပါတယ် ဆရာကြီးကုလုံရဲ့Classic Novel တစ်ခုဖြစ်ပီး ဒါရိုက်တာ Wong Jing က ရိုက်ကူးခဲ့တဲ့ဒီဇာတ်လမ်းတွဲဟာ အောင်မြင်မှုတွေရရှိခဲ့သလို ဝေဖန်မှုတွေလဲ ကြုံခဲ့ရပါတယ်ဝေဖန်မှုကတော့ မူရင်း Novel နဲ့ မတူလို့ ကွဲထွက်လို့ဆိုပီး ဝေဖန်ကြတာပါဘယ်လိုပဲဖြစ်ဖြစ် 90s born တွေရဲ့ ရင်ထဲမှာတော့ ဒီဇာတ်ကားဟာစွဲမြဲစွာတည်ရှိနေခဲ့ပြီး ဘယ် Remake ကိုမှ ခံစားလို့မရမှာကတော့သေချာပါတယ်ဒီဇာတ်ကားမှာ ငါးကလေးအဖြစ် မင်းသား Dicky Cheung နဲ့ ဟွားဝူချွဲအဖြစ်ပျိုမေချစ်ကြတဲ့ ဦး Nicholas Tse က ပါဝင်သရုပ်ဆောင်ထားပါတယ်ဖန်ပင်းပင်းကလဲ ထျဲရှင်းလန်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ငယ်ရွယ်ပျိုမြစ်တဲ့သူမရဲ့အလှကိုလဲ တဝကြီးခံစားရဦးမှာပါ လူတစ်ယောက်ရဲ့အချစ်ကိုမရရှိခဲ့တဲ့မိန်းမတစ်ယောက်ရဲ့ ကြီးမားတဲ့အညိုးတွေကြောင့် ချစ်ရတဲ့လင်မယား၂ယောက်ဟာအသက်ကိုစွန့်ခဲ့ရသလို သွေးချင်းညီအစ်ကို ၂ယောက်ဖြစ်တဲ့ ကလေး၂ယောက်ဟာလဲမွေးပီးကတည်းက ကွဲကွာခဲ့ရပါတယ် အစ်ကိုဖြစ်သူဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်ဉာဏ်နီဉာဏ်နက်များတဲ့ လူတစ်ယောက်အဖြစ်နဲ့ ကြီးပြင်းလာခဲ့တယ်သိုင်းလောကရဲ့ လူဆိုးကြီး ဆယ်ယောက်လို့နာမည်ကြီးတဲ့ လူဆယ်ဦးဆီမှာအတတ်ပညာပေါင်းစုံကိုသင်ရင်း သိုင်းလောကထဲကိုဆင်းလာခဲ့ပါတယ်ညီဖြစ်သူကတော့ သိုင်းလောကရဲ့ထိပ်တန်းဂိုဏ်းတခုဖြစ်တဲ့နေရာမှာကြီးပျင်းလာခဲ့ပြီး အရယ်အပြုံးဆိုတာမရှိ သိုင်းပညာအရမ်းတော်ပြီးအေးစက်စက်လူတစ်ယောက်အနေနဲ့ ကြီးပြင်းလာခဲ့ပါတယ်သူလဲသိုင်းလောကထဲဆင်းလာတဲ့အခါမှာ ပျော်ပျော်ရွှင်ရွှင်နဲ့နေတတ်တဲ့အကိုဖြစ်သူနဲ့ အေးစက်စက်နေတတ်တဲ့ ညီဖြစ်သူတို့ မတော်တဆဆုံတွေ့ကြပါတော့တယ်ဒီဇာတ်လမ်းမှာ ချစ်ခြင်းမေတ္တာ , ရန်ငြိုး နဲ့ အမုန်းတရားတွေ , အာဏာတပ်မက်မှုတွေပေးဆပ်အနစ်နာခံစွန့်လွှတ်ခြင်းတွေ စတာတွေကို လှလှပပ နဲ့ပုံဖော်သွားတာမို့ကြည့်ရှုသူတွေအတွက်တော့ ငိုရင်း ရယ်ရင်း စိတ်တိုရင်း စတဲ့ခံစားချက်တွေနဲကြည့်ရမှာပဲဖြစ်ပါတယ် လုံးဝမကြည့်ရသေးတာပဲဖြစ်ဖြစ် အကြည်အလင် HD Versionကို ပြန်ကြည့်ရှုခံစားချင်တာဖြစ်ဖြစ် လုံးဝကိုကြည့်သင့်တဲ့ ဇာတ်လမ်းတွဲဖြစ်ကြောင်းကိုတော့CM ကနေ အသေအချာညွှန်းပေးလိုက်ရပါတယ်