ဘဝမှာ အမြဲတမ်း ဖခင်ဖြစ်သူရဲ့စကားကိုပဲ နားထောင်ကာ နေထိုင်လာခဲ့တဲ့ ဒေဗီကာဆိုတဲ့ကောင်မလေး၊အသက်အရွယ်ကြီးလာလို့ ဆရာမဖြစ်လာတဲ့အချိန်ထိတောင် အိမ်နဲ့အလုပ် အလုပ်နဲ့အိမ်ပဲ သွားခွင့်ရှိသူ။ဖခင်စကားကို နားထောင်ရင်းနေလာခဲ့တဲ့ ဒေဗီကာတစ်ယောက် အသက်အရွယ်ရလာတဲ့အချိန်မှာတော့သင့်တော်တဲ့သူနဲ့ ပေးစားဖို့ လူကြီးတွေ စီစဉ်ကြပါတော့တယ်။ လူကြီးတွေဘက်ကနေသင့်တော်တဲ့သူကိုကရွေးချယ်ကာ ဂျက်ဂီဆိုသူနှင့် ဒေဗီကာကို စေ့စပ်ပွဲလေး ကျင်းပပေးကာလက်ထပ်ဖို့အတွက် ရက်ကောင်းရက်မြတ် ရွေးချယ်ပါတော့တယ်။ဂျက်ဂီဆိုသူဟာလည်း ရေအိုင်ထဲက ဖားသူငယ်လိုပဲ သူ့ဘဝနဲ့သူဘုရင်လိုနေနေပြီးရှေးရိုးစွဲအတွေးတွေနဲ့ နေထိုင်နေသူတစ်ယောက်ပေါ့။ဂျက်ဂီနဲ့ ဒေဗီကာတို့ရဲ့ စေ့စပ်ပြီး မင်္ဂလာရက်ရွေးချယ်ပွဲပြီးတဲ့နောက်တစ်နေ့မှာပဲဒေဗီကာရဲ့ ဇာတာစစ်ချက်ထွက်လာကာ နောက်၃လအတွင်း ဒေဗီကာ့ထံမှာချစ်ရတဲ့သူရှိလာမှာဖြစ်ပြီး အဲဒီလူကိုလည်း ဒေဗီကာကိုယ်တိုင် မသိသေးကြောင်း ပြောကြားလာခဲ့ပါတယ်။ဒေဗီကာတစ်ယောက် ဒီသတင်းကိုကြားပြီးတဲ့နောက်မှာတော့ မိုးရွာကြီးထဲအလုပ်သွားရင်း ကျောင်းပေါက်ဝအရောက်မှာ ဒန်နီဆိုတဲ့ ကောင်လေးနဲ့ တွေ့ပါတော့တယ်။ဒီလိုနဲ့ ဒေဗီကာတစ်ယောက် စေ့စပ်ထားတဲ့ ဂျက်ဂီနဲ့ ကျောင်းပေါက်ဝမှာမမျှော်လင့်ဘဲတွေ့ရတဲ့ ဒန်နီ သူတို့နှစ်ယောက်ကြားမှာ ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲ ဆက်လက်ကြည့်ရှုပေးပါဦး။