မြိုကြီးပြကြီးမှာ ရဲအရာရှိလုပ်နေတဲ့ Karl ဟာ ဒီအလုပ်ကြောင့်ပဲ အိမ်ထောင်ကွဲပြီး စိတ်အပန်းဖြေဖို ရည်ရွယ်ချက်နဲ့ ကမ်းရိုးတန်းမြိုငယ်လေးတစ်ခု ဖြစ်တဲ့ ဂစ်ဆန်ကို ရဲမှူးအဖြစ် ပြောင်းလာခဲ့ပါတယ် ။ငယ်ငယ်တုန်းက မိခင်ဖြစ်သူ ပန်းချီလာဆွဲရင်းကနေ ရောက်လာဖူးတဲ့ ဒီမြိုလေးမှာ စိတ်လည်းအေးချမ်းပြီး ချစ်သူကြင်သူလည်း တွေ့နေတဲ့အချိန်မှာပဲ အဲဒီ မြိုက အသက် ၈၅ နှစ်အရွယ်အဘိုးကြီးတစ်ယောက် အသတ်ခံရပြီး ဆုံးပါးသွားပါတော့တယ် ။ဒီအမှုကို စစ်ဆေးရင်းနဲ့မှ သိလာရတာကတော့ ဒီမြိုကလူတွေက တစ်နည်းမဟုတ် တစ်နည်း ထူးဆန်းနေကြတယ်ဆိုတာပါပဲ ။ထွက်ဆိုချက်တွေကလည်း တစ်ယောက်တစ်မျိုး ဖြစ်နေသလို လျှိဝှက်ချက်တွေများတဲ့ ဒီမြိုမှာ ရဲမှူး Karl တစ်ယောက် ပဟေဠိတွေကို ဖြေရှင်းနိုင်ပါ့မလား ။ဂစ်ဆန်ကို ရောက်ပြီးမှ တွေ့ခဲ့ရတဲ့ သူ့ရဲ့ လက်တွဲဖော် ကတ်ဆန်ဒရာနဲ့ရော လက်တွဲနိုင်မှာလား ။အဘိုးကြီးကို သတ်ခဲ့တဲ့ တရားခံကရော ဘယ်သူလဲဆိုတာကိုတော့ Murder in a Small Town ဇာတ်လမ်းတွဲမှာ ကြည့်ရှုခံစားလိုက်ရအောင်ပါ ။