Coroner’s Diary 朝雪录 FHD

Coroner’s Diary 朝雪录

Drama Mystery FHD 2025-07-13 10

ဒီတစ်ခါမှာတော့ ပရိတ်သတ်ကြီးကို Coroner’s Diary ဆိုတဲ့မှုခင်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ တရုတ်နန်းတွင်းကားတွေထဲရှန်းရှနတ်ကား ၊ ဝူရှသိုင်းကားပြီးတော့ နာမည်အကြီးဆုံးဇာတ်လမ်းပုံစံကတော့မှုခင်းကားတွေပဲဖြစ်ပါတယ် ။ ဆိုတော့ ဒီကား‌လေးထဲမှာလည်း ဒီလိုမျိုး နန်းတွင်းအရှုပ်တော်ပုံတွေကြားမှာ အမှုတွေဘယ်လိုရှင်းမလဲဆိုတာကိုမြင်ရမှာဖြစ်ပါတယ် ။ဇာတ်လမ်းပုံစံလေးက တရား‌ရေးဌာနအမတ်ကြီးရဲ့သမီးဖြစ်သူချင်ဝမ်က ငယ်စဉ်ကတည်းကထက်မြက်ပြီး အရွယ်‌ေရာက်လာ‌ေတာ့ ဆေးပညာနဲ့ မှုခင်းဆေးပညာမှာကျွမ်းကျင်သူတစ်ဦးဖြစ်လာပါတယ် ။ မထင်မှတ်ထားတဲ့မတော်တဆမှုတစ်ခုကြောင့်ချင်ဝမ်ရဲ့အဖေဖြစ်သူကသတ်ဖြတ်ခံလိုက်ရပြီး ချင်ဝမ်တစ်ယောက် ဒီအမှုကိုအမှုမှန်ပေါ်‌ေပါက်‌ေအာင်စုံစမ်းဖို့ဖြစ်လာခဲ့ပါတယ် ။ဒီလိုနဲ့ကံကြမ္မာဖန်လာမှုကြောင့်ချင်ဝမ်တစ်ယောက် မင်းသားယန်ချီကိုကူညီပြီး ဖြေရှင်းရခက်တဲ့အမှုတွေကိုစစ်ဆေးဖို့ဖြစ်လာတဲ့အခါမှာတော့..နောက်ကွယ်က အကြောင်းအရာတွေကိုဘယ်လိုဖော်ထုတ်သွားကြမလဲ ?အဖေဖြစ်သူရဲ့သေမှုသေခင်းကိုရော ဖြေရှင်းနိုင်ပါ့မလား ဘယ်လိုအသစ်အဆန်းအမှုအခင်းတွေကိုရော ‌ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါအုံးရှင်