Melting Me Softly 날 녹여주오 FHD

Melting Me Softly 날 녹여주오

cryonics ဆိုတဲ့ သိပ္ပံ နည်းလမ်း ကတော့ ခန္ဓာကိုယ်ကိုအအေးလွန်အောင် လုပ်ပြီး အေးခဲ ထိန်းသိမ်းထားတာပါ ဒါကို( Cryonic Suspension ) လို့ခေါ်ပါ တယ် incurable လူနာတွေကိုအအေးလွန် ထိန်းသိမ်းထားပြီးနောက် ပြန်လည်နိုးထလာတဲ့အချိန်မှာပိုမိုကောင်းမွန်အောင် ကုသနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒါကိုလုပ်ဆောင်နေကြတာပါ ဒီဇာတ်လမ်းလေးမှာတော့ အများနဲ့မတူတာတွေ အမြဲလုပ်တတ်တဲ့ သူများမလုပ်တာတွေကိုမှလုပ်တတ်တဲ့ရုပ်သံလွှင့်ရုံရဲ့ PD မာဒုံချန်းက ပရိုဂရမ်အသစ်ရိုက်ကူးရေးအတွက်cryonic experiment လုပ်နေတဲ့ ပရော်ဖက်ဆာဟွမ်ရဲ့ စမ်းသပ်မှုမှာသူကိုယ်တိုင်ပါ၀င်စမ်းသပ်ခံပြီး ၂၄ နာရီကြာ ရိုက်ကူးရေးပြုလုပ်မှာပါဖြစ်ပါတယ်သူနဲ့အတူပါ၀င် စမ်းသပ်ခံဖို့အတွက် သူ့ရဲ့ ခက်ခဲတဲ့ show တိုင်းမှာပါ၀င်ရိုက်ကူးခံခဲ့တဲ့ ဂိုမီရမ်ကိုလည်း သူက စည်းရုံးခဲ့ပါတယ် ဂိုမီရမ်က လည်းပါ၀င်စမ်းသပ်ဖို့လက်ခံခဲ့ပြီး ၂၄ နာရီမပြည့်မှာ စမ်းသပ်မှု ပြသနာတက်ခဲ့ပါတယ်ပရော်ဖက်ဆာနဲ့အတူတူ သူတို့ ၂ ယောက်လည်းနှစ်၂၀ကြာ ပျောက်ဆုံးသွားခဲ့ပြီးမှ မအိုမင်းပဲ ၂၀၁၉ ခုနှစ်မှာပြန်လည်နိုးထလာကြပါတယ် အနှစ် ၂၀ ကြာမှ နိုးလာတဲ့သူတို့ ၂ ယောက် ဘယ်လို အလွဲလေးတွေလုက်မလဲဆိုတာတွေကိုလည်းဟာသအနေနဲ့ ကြည့်ရှုရမှာပါ ပြီးတော့ စမ်းသပ်မှုမှာ ဖြစ်ခဲ့တဲ့ပြသနာကို သူတ်ု့ိ ဘယ်လိုစုံစမ်းကြမလဲ ဘာလို့ နှစ်၂၀ကြာပျောက်ဆုံးသွားခဲ့လဲဆိုတာ ဒီဇာတ်ကားလေးမှာကြည့်ရှုလိုက်ရအောင်နော်