Nightsleeper FHD

Nightsleeper

Drama FHD 2024-09-15 6.7

ဒီကားလေးကတော့ UK နိုင်ငံက ရိုက်ကူးတဲ့ Thriller အမျိုးအစား Mini-series လေးပဲဖြစ်ပါတယ်..သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပြီး ရှေ့ကိုမှန်းဆရင်း မသေမချာမရေရာမှုတွေနဲ့ ကြည့်လို့ကောင်းတဲ့ကားလေးဖြစ်လို့ စဉ်းစဉ်းစားစားကြည့်လိုသူရုပ်ရှင်ပရိသတ်များအတွက် ကျေနပ်နှစ်သိမ့်စေနိုင်မဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်…အဓိကဇာတ်ကောင်များအနေနှင့် Peaky Blinders မှာ John Shelby အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Joe Cole နဲ့ ဗြိတိန်ဇာတ်လမ်းတွဲများတွင်အဓိကပါဝင်လေ့ရှိတဲ့ ဝေလသရုပ်ဆောင် Alexandra Roach တို့ သရုပ်ဆောင်ထားပြီး ရထားမတော်တဆဖြစ်ဖို့ပူးပေါင်းကြံစည်မှုကိုအတူတူလက်တွဲတားဆီးကြပုံကိုမြင်တွေ့ခံစားရမှာဖြစ်ပါတယ်..Abby (Alexandra Roach) ဟာ ဗြိတိန်အမျိုးသားဆိုက်ဘာလုံခြုံရေးဌာရဲ့ ယာယီနည်းပညာဒါရိုက်တာဖြစ်ပါတယ်..တာဝန်ကြီးတဲ့ရာထူးရထားသူဖြစ်ပြီး အားလပ်ရက်လည်း နည်းပါးပါတယ် တစ်နေ့ Abby နဲ့ ၎င်းသူငယ်ချင်းဖြစ်သူတို့ အားလပ်ရက်ခရီး သွားဖို့အခွင့်ရလာတဲ့နေ့မှာတော့အများပြည်သူသုံးစနစ်ထဲ ဗိုင်းရပ်စ်တစ်ကောင်ရှိနေကြောင်း လုပ်ဖော်ကိုင်ဖက်တစ်ယောက်ထံမှ သိခဲ့ရပြီး ခရီးထွက်ဖို့အစီအစဉ်ဟာ ပျက်ခဲ့ရပါတယ်..ဗိုင်းရပ်စ်ကို အဖြေရှာဖို့ကြိုးစားနေစဉ်အတွင်းမှာပဲ ခရီးသည်အပြည့်နှင့် Heart of London ညအိပ်ရထားမှ ဆက်သွယ်ရေးကိရိယာများ အလုပ်မလုပ်တော့ကြောင်းကိုဂြိုဟ်တုဖုန်းမှတဆင့် Abby ထံ အကြောင်းကြားဆက်သွယ်လာခဲ့ပါတယ်..၎င်းဆက်သွယ်သူဟာ Joe (Joe Cole) ဖြစ်ပြီး ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်နေခဲ့ပါတယ်..ရထားမန်နေဂျာရုံးခန်းအောက်ရှိ ဝိုင်ယာကြိုးများကို အပြောင်းအလဲလုပ်တပ်ဆင်ကာ စက်တစ်လုံးလည်း တပ်ဆင်ထားကြောင်း ပြောပြပြီးနောက်မှာတော့ဗိုင်းရပ်စ်ကိစ္စဟာ သွေးရိုးသားရိုးကိစ္စမဟုတ်ဘဲ စနစ်တကျတိုက်ခိုက်မှုအဖြစ် Abby တစ်ယောက် အလန့်တကြားသိခဲ့ရပါတယ်..ထို့နောက်မှာတော့ ဗြိတိန်ရထားမှန်သမျှ ဆက်သွယ်ရေးကိရိယာများ အကုန်ပျက်နေကြောင်း သိရှိရပြီး Abby နှင့် Joe တို့ နှစ်ယောက်ပူးပေါင်းဆက်သွယ်ကာလူအများအပြား ထိခိုက်သေကြေရမယ့်ဘေးကို တားဆီးရမည့်အခြေ ဆိုက်ရောက်လာခဲ့ပါတော့တယ်..ဒီကားလေးဟာဆိုရင် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖိုကားလေးဖြစ်ပြီး ခေတ်သစ်နည်းပညာများရဲ့ ဘေးအန္တရာယ်ကိုပါမေးခွန်းထုတ်တင်ဆက်ထားတာဖြစ်လို့ အမြင်သစ် ရှုထောင့်သစ်တစ်ခုအနေနဲ့ ခံစားနိုင်ဖွယ်ဖြစ်ကြောင်း ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…

အပိုင်းများ

Season - 1