မင်းသား Bai Jing Tingကအဓိကထားပါ၀င်သရုပ်ဆောင်ထားပြီး Justifiable Denfenseလို့ အမည်ရပါတယ်။တာ၀န်ခံတွမ်ဟာ အမျိုးသမီးတစ်ယောက် အိမ်တွင်းအကြမ်းဖက်မှုကြောင့် ခင်ပွန်းဖြစ်သူကိုသတ်ပစ်လိုက်တယ်ဆိုတဲ့ အမှုကို ကိုင်တွယ်နေရတဲ့သူပါ။လက်ထောက်စစ်ဆေးရေးမှူးခေါင်းဆောင်ဖန်းကတော့ တာ၀န်ခံတွမ်ကို ကူညီပြီး စုံစမ်းစစ်ဆေးပေးနေတဲ့သူ။ဒီလိုနဲ့ တာ၀န်ခံတွမ်ကိုင်တွယ်ရတဲ့အမှုဟာ လွန်ခဲ့တဲ့ ဆယ့်လေးနှစ် လီမုဖုန်း မိန်ကျန်းတို့ပါ၀င်နေတဲ့ကျောင်းသူတစ်ယောက် အကြမ်းဖက်ခံရမှုနဲ့ ဆက်စပ်နေတဲ့အခါ။ ခေါင်းဆောင်ဖန်းဟာ ဒီလိုနဲ့သံသယ၀င်တွေများလာရာကနေ အမှုနှစ်ခုကို အစအဆုံးခြေရာခံပြီး စုံစမ်းပါတော့တယ်။ဒီလိုနဲ့ နောက်ဆုံးမှာ သူမဘာတွေရှာတွေ့သွားမလဲ။ ဆယ့်လေးနှစ်စီခြားပြီးမှဖြစ်တဲ့အမှုကရော အချင်းချင်းဘယ်လိုဆက်စပ်နေသလဲ။ လျှို့ဝှက်ချက်ပေါင်းများစွာကို တစ်လွှာချင်းဘယ်လိုရှင်းထုတ်မလဲဆိုတာကို သိချင်ရင်တော့ CM Channelမှာ လက်မလွှတ်တမ်း စောင့်ကြည့်လိုက်ကြရအောင်နော်။