ဂျိုထယ်ရှစ် (Lee Min-Ki) က တစ်ချိန်က စိတ်အားထက်သန်တဲ့ စုံထောက်တစ်ယောက်ဖြစ်ခဲ့ပေမဲ့လက်ရှိမှာတော့ နေမကောင်းဖြစ်တဲ့အမေနဲ့အတူနေဖို့ နယ်ဘက်ရဲစခန်းကို ပြောင်းရွှေ့ပြီး အေးအေးချမ်းချမ်းနေထိုင်ချင်သူ ဖြစ်ပါတယ် ။ဒီလိုနဲ့ မပြောင်းရွှေ့ခင်မှာပဲ လွှတ်တော်အမတ်တစ်ယောက် မတော်တဆ သေဆုံးသွားရတဲ့အမှုတစ်ခုက ဂျိုထယ်ရှစ်ဆီကို ဆိုက်ရောက်လာပါတော့တယ် .. ။တစ်ဖက်မှာတော့ သေဆုံးသွားတဲ့ လွှတ်တော်အမတ်ရဲ့အငယ်ဆုံး သမီးဖြစ်သူ ဂင်ဆောဟွီ(Lee Yoo-Young) ကတော့ ဖခင်ဖြစ်သူသေဆုံးပြီးနောက်မှာ သူမရဲ့ခင်ပွန်းဖြစ်သူပါပျောက်ဆုံးနေတဲ့အတွက် ခင်ပွန်းဖြစ်သူကို ရှာဖို့လုပ်ရင်း ဖခင်ဖြစ်သူရဲ့ အမှုက မတော်တဆမှု မဟုတ်ဘဲလူသတ်မှု ဖြစ်နေတာကို သိသွားတဲ့အခါမှာတော့….အပြင်ပန်းမှာတော့ ရိုးရှင်းတဲ့မတော်တဆမှုနဲ့တူနေပေမဲ့ အတွင်းဘက်မှာတော့ ရှုပ်ထွေးပွေလီလှတဲ့အမှုတစ်ခုကို နစ်နာသူရဲ့ မိသားစုဝင် ဂင်ဆောဟွီနဲ့ စုံထောက်ဖြစ်သူ ဂျိုထယ်ရှစ်တို့ အတူပူးပေါင်းပြီးဖြေရှင်းကြရင်း တရားခံအမှန်ကို ဖော်ထုတ်နိုင်မလားဆိုတာကို CM နဲ့ အတူတူ .. သည်းထိတ်ရင်ဖိုခံစားကြည့်ရှုလိုက်ကြပါဦးနော် ..