အတွဲရှစ်တွဲထိ ထွက်ရှိခဲ့တဲ့ နာမည်ကျော် အမေရိကန်ရုပ်သံဇာတ်လမ်း Monk(2002)ကိုအိန္ဒိယအငွေ့အသက် အိန္ဒိယဓလေ့တွေနဲ့ ပြန်လည်ဖန်တီးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲ။မင်းသားကြီး ရမ်ကပူးအဓိကပါဝင်ထားပြီး အပိုင်းရှစ်ပိုင်းနဲ့ထွက်ရှိလာပါတယ်။မစ်စထရီဆိုတာက OCDလိုခေါ်တဲ့ အစွဲအလမ်းလွန်စိတ်ရောဂါခံစားနေရသူမို တာဝန်ကရပ်ဆိုင်းခံထားရတဲ့ ရဲအရာရှိဟောင်းတစ်ဦး။နေရာတကျဖြစ်မနေတာတွေ၊ သန့်ရှင်းမှုမရှိတာတွေနဲ့ လူတွေနဲ့ထိတွေ့ရမှာတွေပေါ် စိတ်မသက်မသာဖြစ်တာမျိုးအပါအဝင်ပေါ့။ဒါပေမဲ့လည်း ခက်လှပါပေ့ဆိုတဲ့အမှုတွေကို ထူးခြားတဲ့ပုံစံနဲ့ဖြေရှင်းနိုင်တဲ့သူမို ရဲတပ်ဖွဲကမဖြေရှင်းနိုင်တဲ့အမှုမျိုးတွေပေါ်လာရင်သူ ဝင်ကူညီနေရတုန်းပါပဲ။ဒီလို အမှုတွေကိုကူညီနေရင်းပဲ ဇနီးဖြစ်သူကို ဆုံးရှုးလိုက်ရတဲ့ မဖြေရှင်းနိုင်သေးတဲ့ဗုံးဖောက်ခွဲမှုကိုလည်းစုံစမ်းနေခဲ့တာပေါ့။လျှိဝှက်ဆန်းကြယ်လွန်းတဲ့အမှုတွေ လိုက်ဖြေရှင်းနေတဲ့ မစ်စထရီ ဇနီးသည်ဖြစ်သူရဲ့အမှုကိုဖော်ထုတ်နိုင်မလားဆိုတာစိတ်ဝင်စားစရာကောင်းတာမို ခံစားကြည့်ရှုကြပါဦး။