နယူးဂျာစီပြည်နယ် DiMeo မာဖီးယားဂိုဏ်းခေါင်းဆောင် တိုနီ ဆိုပရာနို ဟာ အလုပ်နဲ့ မိသားစုဘဝ စိတ်ဖိစီးမှုများကြောင့် စိတ်ကျရောဂါ လက္ခဏာတွေကို မကြာမဏခံစားလာရပါတယ်။အဲ့ဒါကြောင့်သူရဲ့မိသားစုများမသိစေပဲနဲ့ စိတ်ရောဂါကုဆရာဝန် ဒေါက်တာ ဂျန်နီဖာ မယ်လ်ဖီ ဆီမှာ ကုထုံးခံယူဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။တိုနီ ရဲ့ မာဖီးယားဘဝ ရက်စက်ကြမ်းကြုတ်မှုတွေပြတ်ပြတ်သားသားဆုံးဖြတ်နိုင်စွမ်းတွေ ရဲ့ နောက်ကွယ်မှာရှိတဲ့ သူ့ရဲ့ စိတ်ခံစားချက်တွေ စိတ်အားငယ်မှုတွေ မိသားစုအပေါ်မှာ ထားရှိတဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေကို သေသေချာချာရိုက်ကူးပြထားတဲ့ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။