Law and The City 서초동 FHD

Law and The City 서초동

Drama FHD 2025-07-05 8.3

An Ju Hyeong(Lee Jong Suk) ကတော့ ရှေ့နေ လုပ်သက် ၉ နှစ်ရှိပြီဖြစ်တဲ့ သွေးအေးအေးစီနီယာရှေ့နေတစ်ယောက်ပါ။ တရားမျှတမှုတွေ အားနည်းသူကို ကာကွယ်ရမယ်ဆိုတာတွေထက်ဆင်ခြင်တွေးခေါ်မှုနဲ့ အမှုကိစ္စတွေမှာပဲ စိတ်ဝင်စားမှုရှိတာကြောင့် ရှေ့နေနယ်ပယ်ထဲကို ခြေစုံပစ်ဝင်လာခဲ့ပြီး လူတိုင်းကလည်း သူ့ရဲ့ထူးချွန်မှုကို သံသယမဝင်မိလောက်အောင်ထိ ထက်မြက်လှတဲ့ရှေ့နေပေါ့။ရှေ့နေလောကထဲမှာ အမြင့်ဆုံးဝင်ငွေရရှိသူအဖြစ်ပါ မှတ်တမ်းဝင်ထားပေမဲ့လည်း ကိုယ်ပိုင်ရုံးခန်းဖွင့်ဖို့ကိုတော့ရှုပ်ထွေးတယ်ဆိုကာ လခစားရှေ့နေအဖြစ်ပဲ စိတ်အေးလက်အေး နေနေသူလည်း ဖြစ်ပါတယ်။ဒါပေမဲ့ အမြဲတမ်း စိတ်ချလက်ချနဲ့ ငြိမ်းငြိမ်းချမ်းချမ်း တက်ရောက်ခဲ့တဲ့ သူ့ရဲ့အလုပ်ခွင်ဟာဟန်ချက်ပျက်ပြီး အက်ကွဲကြောင်းတွေ ပေါ်လာပါတော့တယ်။Kang Hui Ji(Mun Ka Young) ကတော့ သွက်လက်တက်ကြွပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့ဂျူနီယာရှေ့နေလေးပဲဖြစ်ပါတယ်။ “လူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲလိုက်ရင် အဲဒီလူရဲ့လောကကြီးကပါပြောင်းလဲသွားမယ်”ဆိုတဲ့ ယုံကြည်ချက်ကို လက်ဆုပ်ကိုင်ထားတဲ့ သူမဟာ ပွင့်လင်းလင်းနဲ့ ယုံကြည်ချက်ရှိရှိရှေ့ဆက်နေသူဖြစ်ပြီးတော့ အေးစက်လှတဲ့ ရှေ့နေနယ်ပယ်ကို သူမရဲ့နွေးထွေးမှု၊ကြင်နာမှုလေးတွေနဲ့သေးငယ်တဲ့ ယိမ်းယိုင်မှုလေး ဖြစ်လာအောင် လုပ်နိုင်သူလေးဖြစ်ပါတယ်။စရိုက်မတူတဲ့ သူတို့နှစ်ယောက်နဲ့ ကိုယ်ပိုင်ဟန်ကိုယ်စီရှိကြတဲ့ Bae Mun Jeong, Cho Chang Won, နဲ့Ha Sang Gi တို့ ရှေ့နေငါးယောက်ဟာ ဥပဒေလောကမှာ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ကြပြီးတဲ့နောက်မှာအတူတူ ပေါ့ပေါ့ပါးပါး ညစာစားကြရင်း သံယောဇဉ်တွေ တွယ်ငြိလာကြပြီးတော့ တစ်ခါတလေ အနိုင်ရမှုထက်ပိုပြီး အဖိုးတန်တဲ့အရာက “နားလည်မှု”ဆိုတဲ့အရာကို သဘောပေါက်သွားအောင် လုပ်ပေးနိုင်မဲ့လုပ်ငန်းခွင်အကြောင်း၊ငယ်ရွယ်မှုတွေနဲ့ ဥပဒေအကြောင်းတွေကို ဒရာမာဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ကားကောင်းလေးဖြစ်တာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။