မဲခေါင်မြစ်အနီး ဒုန်မိုင်ပရွာလေးက မြို့ပြကြီးနဲ့ ဝေးကွာပြီး သူကြီးဖြစ်သူ အုပ်ချုပ်မှုအောက်မှာပဲ နေရတဲ့ ရွာငယ်လေး တစ်ရွာဖြစ်ပါတယ်မြွေနဂါး ယုံကြည်မှုရှိပြီး နဂါးတို့ရဲ့ဘုရင်မ ( နာခီမယ်တော်) အမျက်ထွက်ရင် လူတွေ သေကြေရတယ်လို့ ယုံပြီး ဘုရားကျောင်းထားရှိကာ ကိုးကွယ်လေ့ရှိကြပါတယ်တစ်ရက် ရွာသားတစ်ဦးဖြစ်သူ ခန်က အမောက်ပါတဲ့ မြွေဖြူတစ်ကောင်ကို ဖမ်းပြီး ရောင်းစားရာမှ နေကြတ်သွားပြီး လူတွေ သေကြေပျက်စီးခဲ့ရပါတယ်အိုက်ခန်ရဲ့ ဇနီးဖြစ်သူ ခမ်းပေါင်ကတော့ ကိုယ်ဝန်အရင့်အမာရှိနေခဲ့ပြီး ဗိုက်ထဲက ကလေးကို နာခီမယ်တော်ဆီ အပ်ထားခဲ့တာမို့ နေကြတ်ချိန်မှာ “ခမ်းကျောက်” ဆိုတဲ့ သမီးလေးကို မွေးဖွားနိုင်ခဲ့ပါတယ်၁၉ နှစ်ကြာပြီးနောက် ခမ်းကျောက်လေးက မြွေတွေနဲ့ စကားပြော၊ မြွေအပြုအမူတွေ ပြလာခဲ့တာမို့ နာခီမယ်တော်ရဲ့အခြွေအရံလို့ ရွာသားတွေရဲ့ ပစ်မှတ်ထားမှုကို ခံလာခဲ့ရပါတယ်ရွာသားတွေ ကြောက်နေရတဲ့ နောက်တစ်ကြိမ် နေကြတ်ခါနီးမှ မြို့ပေါ်က တက္ကသိုလ်ကျောင်းသားတစ်စုက ဒုန်မိုင်ပရွာလေးရဲ့ သမိုင်းကြောင်းကို လေ့လာဖို့ ရောက်လာခဲ့ရာက တက္ကသိုလ်ကျောင်းသားထွတ်စဖွန် တစ်ယောက် ခမ်းကျောက်ကို တွေ့ချိန်မှာ အိပ်မက်ထဲက နတ်သမီးလေးနဲ့ တူနေခဲ့တာမို့ ချစ်မိသွားခဲ့ပါတော့တယ်၁၉ နှစ် ကြာပြီးနောက် ရွာသားတွေ ကြောက်နေခဲ့သလို နေကြတ်ချိန်မှာ နာခီမယ်တော် အမျက်ထွက်ပြီး လူတွေထပ်သေဆုံးရဦးမလားခမ်းကျောက်ကရော လူဟန်ဆောင်ထားတဲ့ မြွေတစ်ကောင်ပဲလားထွတ်စဖွန်ကရော အရင်က ဒုန်မိုင်ပရွာလေးနဲ့ ဘာပတ်သက်မှုတွေရှိနေခဲ့တာလဲဒုန်မိုင်ပရွာနဲ့ မြွေနဂါးယုံကြည်မှုကြားမှာ ခမ်းကျောက်နဲ့ ထွတ်စဖွန်တို့ အချစ်လမ်းဖြောင့်ဖြူးနိုင်ပါ့မလားတစ်ချိန်က စိတ်အလျောက် လုပ်ခဲ့မိတဲ့ ဝဋ်ကံတွေက လက်ရှိဘဝတွေထိ ဘယ်လိုတွေ သက်ရောက်လာနိုင်လဲဆိုတာ “ နာခီ” ဇာတ်လမ်းတွဲမှာ ကြည့်ရှူကြရအောင်