၂၀၂၁ခုနှစ်ကထွက်ရှိခဲ့တဲ့ မင်းသားကြီးဆန်ဂျေးကပူးရဲ့ ထူးခြားဆန်းကြယ်မှုခင်းဇာတ်လမ်းတွဲကိုတင်ဆက်ပေးလိုက်ပါတယ်။ရဲအရာရှိအာရုတစ်ယောက် မွမ်ဘိုင်းမြိုကြီးကနေ တောင်ပေါ်ဒေသလေးတစ်ခုဆီ အမှုလိုက်ဖိုတာဝန်ပေးခံလိုက်ရတယ်။မင်းသမီးတစ်ယောက်နဲ့အတူ သူ့ဒရိုင်ဘာပါ အသတ်ခံထားရပြီး သံသယတရားခံမရှိဖြစ်နေခဲ့တဲ့အမှု။တစ်ရက်မှာ သဲလွန်စရပြီး သွားကြတဲ့အချိန် သူ့လက်အောက်ကအရာရှိနှစ်ယောက်ပစ်လိုက်ရာကသံသယတရားခံနှစ်ယောက် သေသွားခဲ့တယ်။သေဆုံးသူနှစ်ယောက်ထဲက တစ်ယောက်ရဲ့ အစ်ကိုကြီးဖြစ်သူက ဒေ့ဗ်။ ဒေသခံတွေအဆိုအရ ဒေ့ဗ်တိုမျိုးနွယ်တွေကဝိညာဉ်နဲ့စကားပြောနိုင်ပြီး မသေဆုံးခင်တစ်နာရီအချိန်ထိ ပြန်ကြည့်နိုင်စွမ်းရှိသတဲ့။ဒေ့ဗ်က သူ့ညီဖြစ်သူရဲ့ မသေဆုံးခင်တစ်နာရီအချိန်ကို ပြန်ကြည့်တဲ့အခါမှာတော့ မထင်ထားတဲ့ကိစ္စတွေတွေ့သွားခဲ့တယ်။ဒီမှာပဲ အရာရှိအာရုတစ်ယောက် ဒေ့ဗ်ရဲ့အကူအညီနဲ့ လူသတ်မှုတွေကို စုံစမ်းဖိုရာဖြစ်လာပါတော့တယ်။