အခုမိတ်ဆက်ပေးမယ့်ကားလေးကတော့ လောဘကြောင့်ပြဿနာတက်မယ့် လူနှစ်ယောက်ကို အခြေခံရိုက်ထားပြီးဘင်္ဂလားဒေ့ရှ်-အိန္ဒိယ ပူးပေါင်းထုတ်လုပ်ထားတဲ့ စီးရီးကားလေးဖြစ်ပါတယ်။ငွေတိုးချေးစားထားပြီး ပြန်မဆပ်နိုင်တဲ့ လူက တစ်ယောက် ချစ်သူနဲ့လက်မထပ်နိုင်တဲ့ လူက တစ်ယောက်၊ ဒီလူနှစ်ယောက်ကခက်ခဲပင်ပန်းနေတဲ့လောကကြီးကနေ ထွက်ပြေးဖို့ ခရီးထွက်လာကြတယ်။ဒါပေမဲ့ ခရီးက ကောင်းသောခရီးလေးဖြစ်ရမယ့်ဟာကို သူငယ်ချင်းနှစ်ယောက်သားထီပေါက်တဲ့ ခရီးသည်တစ်ယောက်ကို သတ်လိုက်ရာကနေ ခရီးကနေထောင်ထဲရောက်သွားမလားဆိုတာ ကြည့်ရမယ့် ကားလေးဖြစ်ပါတယ်။အထူးသဖြင့် ဒီခရီးတင်ကားပေါ်မှာတင် အရှုပ်အယှက်များတဲ့ ခရီးသည်တချို့ကိုလည်းစိတ်ဝင်စားစရာ မြင်တွေ့ရမယ့် ဟာသကားတစ်ပိုင်းလူသတ်ကားတစ်ပိုင်းလို့ ဖြစ်နေတာမလို့ ကြည့်ဖြစ်အောင် ကြည့်ကြပါ