Kankhajura कानखजुरा FHD

Kankhajura कानखजुरा

Crime Drama FHD 2025-05-29 8.3

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Crime drama suspense genreနဲ့ဇာတ်လမ်းတွဲကောင်းလေးတစ်ခုဖြစ်ပါတယ်။“သစ္စာရှိမှုဆိုတာ တန်ကြေးတစ်ခုနဲ့လာသလို အမှန်တရားဆိုတာ မျက်နှာများတယ်တဲ့”အာရှုတစ်ယောက် သူစကားထစ်တာကို လှောင်တဲ့သူဌေးနဲ့ရန်ဖြစ်ပြီးမူးမူးရူးရူး အိမ်ပြန်သွားရာကနေ နောက်တစ်နေ့မနက်မှာထောင်မင်းသားဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်။သူနဲ့ရန်ဖြစ်ခဲ့တဲ့ သူ့သူဌေးမာတင်လိုဘိုတစ်ယောက် ‌သူနဲ့ရန်ဖြစ်ပြီး အဲဒီညမှာပဲ အသတ်ခံလိုက်ရတဲ့အတွက်ပါ။ဒီလိုနဲ့ အာရှုတစ်ယောက် မအူမလည်နဲ့ ထောင်မှာ၁၄ နှစ်ကြာခဲ့ပြီးချိန်မှာ လွတ်မြောက်ဖို့အတွက် လမ်းစပေါ်လာပါတော့တယ်။အဲဒါကတော့ ရဲဘက်သတင်းပေးအဖြစ် လုပ်ပေးရမယ်ဆိုတဲ့ သဘောတူညီချက်ပါပဲ။ဒီလိုနဲ့ အာရှုတစ်ယောက် အပြင်လောကနဲ့ပြန်လည်ထိတွေ့ချိန်မှာသူ့ရဲ့အစ်ကိုမက်စ်ကလည်း အဆင်ပြေတဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေချိန်ပေါ့။အာရှုတစ်ယောက် မက်စ်ဆီက ဖေးမမှုကို မျှော်လင့်နေပေမဲ့သူ့ရဲ့ ရှုပ်ထွေးတဲ့အတိတ်က မက်စ်ကိုပါ ရစ်ပတ်နှောင်ဖွဲ့လာချိန်မှာတော့….