Olympo FHD

Olympo

Drama Mystery FHD 2025-06-20 7.773

အိုလံပိုလို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုဟာ အိုလံပစ်ပြိုင်ပွဲဝင်နိုင်မယ့်အားကစားသမားကောင်းတွေကိုရှာဖွေစုဆောင်းပြီး စပွန်ဆာပေးတဲ့နာမည်ကြီးအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။HPC လို့ခေါ်တဲ့အားကစားစင်တာမှာ စပိန်နိုင်ငံတွင်းကအကောင်းဆုံးအားကစားသမားများစုဝေးနေကြပြီး သူတို့တွေဟာ အိုလံပိုအဖွဲ့အစည်းကနေစပွန်ဆာကမ်းလှမ်းမှုရဖို့ကိုအကောင်းဆုံးကြိုးစားနေကြရပါတယ်။ယှဉ်ပြိုင်မှုတွေ အောင်မြင်လိုမှုတွေ အဆက်မပြတ်တဲ့ဖိအားတွေကြားထဲမှာရှင်သန်ကြရင်း အိုလံပစ်ရွှေတံဆိပ်ရဖို့ ရုန်းကန်နေကြတဲ့ အားကစားသမားတွေထဲမှာအာမာနီယာဆိုတဲ့ကောင်မလေးဟာလည်းအလားအလာကောင်းတဲ့အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းပူးတွဲကစားဖော် နူရီယာတစ်ယောက် မတော်တဆမှုတစ်ခုဖြစ်ပြီးဆေးရုံရောက်သွားရာကနေ သူဖြစ်ချင်တဲ့အိပ်မက်တွေဖြစ်မြောက်ဖို့ ဘယ်လိုခက်ခဲရှုပ်ထွေးကုန်မလဲအားကစားစင်တာထဲမှာဘာတွေဖြစ်နေတာလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားကြည့်လိုက်ပါဦး။