Kull: The Legacy of the Raisingghs कुल FHD

Kull: The Legacy of the Raisingghs कुल

Drama FHD 2025-05-02 6

အိန္ဒိယနိုင်ငံထဲက ရာဂျက်စတန်ပြည်နယ်ရဲ့ တော်ဝင်မိသားစုမျိုးဆက်အကြောင်းကို အခြေခံထားတဲ့ဟင်ဒီစကားပြော သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲလေးတစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။တော်ဝင်မိသားစုအကြောင်းဆိုပေမဲ့ ဒီဇာတ်လမ်းတွဲမှာ တော်ဝင်မိသားစုတွေရဲ့ အဆင့်အတန်းမြင့်ပုံတွေရိုးရာတွေယဉ်ကျေးမှုတွေကို အဓိကပြမထားဘဲ အပြင်မှာ မြင်ရနေကျမိသားစုတွေလိုမျိုး လက်တွေ့ကျကျ ချဉ်းကပ်ပြထားပါတယ်။အခုအချိန်မှာ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်သွားတဲ့ ရာဂျက်စတန်နိုငံကို ရိုင်ဇင်းမျိုးနွယ်တွေက သက်ဦးဆံပိုင်စနစ်နဲ့ နောက်ဆုံးအုပ်ချုပ်ခဲ့ပါတယ်။ဒီနေ့ခေတ်အိန္ဒိယမှာတော့ သက်ဦးဆံပိုင်စနစ်မရှိတော့ပေမဲ့ ရိုင်ဇင်းမိသားစုဟာတော်ဝင်မျိုးနွယ်တွေဖြစ်တဲ့အလျောက် နန်းတော်ကြီးနဲ့ တခမ်းတနား ချမ်းချမ်းသာသာနေနိုင်ဆဲပါပဲ။သူတို့ဟာ နန်းတော်ကြီးနဲ့နေရပေမဲ့ တကယ်တမ်းမှာတော့ ဒေဝါလီခံရမလိုဖြစ်နေတဲ့အတွက်နန်းတော်ကို ရောင်းဖို့ကြံနေရပြီး ဘုရင်ကြီးရိုင်ဇင်းကလည်း နောက်ဆုံးအချိန်ကိုရောက်နေပြီဖြစ်ပါတယ်။အဲဒီလိုဘုရင်ကြီးရဲ့နောက်ဆုံးအချိန်မှာ တစ်နေရာစီရောက်နေတဲ့ သားသမီးသုံးယောက်ပြန်ရောက်လာပြီး အဖေဖြစ်သူကိုတော့ စိတ်မပူဘဲ တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်ကာ အမွေလုဖို့ကြိုးစားကြပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာ မြင်ကြရမှာပါ။ဇာတ်လမ်းက ရိုးရှင်းတယ်လို့ထင်ရပေမဲ့ ဇာတ်အလှည့်အပြောင်းတွေနဲ့ ပရိသတ်တွေကို တစ်ပိုင်းချင်းဆွဲခေါ်သွားမှာမလို့