တက္ကသိုလ်ပထမနှစ် ကျောင်းသူလေး အိုဆောလမ် (Gal So Won) တစ်ယောက်အသက် ၁၇ နှစ်တုန်းက Soul Masters ဆိုတဲ့ ဂိမ်းထဲမှာ ကောင်လေးတစ်ယောက်နဲ့စကားပြောဖြစ်ခဲ့ပြီး ချစ်ကြိုက်ခဲ့မိပါတယ်။ ဒါပေမဲ့လည်း ထိုအချစ်ဦးကောင်လေးဟာဂိမ်းထဲမှာ မင်္ဂလာဆောင်ခါနီး ပျောက်သွားတဲ့အခါ ကျောင်းသူလေး အိုဆောလမ်တစ်ယောက်ထိုကောင်လေးကို ဘယ်လိုလိုက်ရှာလဲ လိုက်ရှာရင်းနဲ့ အချစ်စစ်ကို တွေ့သွားမှာလား…ဆိုတာကိုတော့ ဒီချစ်ဖို့ကောင်းတဲ့ သရုပ်ဆောင်လေးတွေ ပါဝင်တဲ့Namju Search ဆိုတဲ့ drama လေးကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။