ဝမ်က ကုမ္ပဏီကြီးတစ်ခုမှာ အိမ်ကိုတောင် ပြန်မလာနိုင်အောင် အလုပ်အရမ်းကြိုးစားတဲ့ မိန်းကလေးတစ်ယောက်ပါတစ်ရက် အထက်လူကြီးရဲ့ နိုင်လိုမင်းထက်ဆန်မှုတွေကို သည်းမခံနိုင်ဖြစ်နေချိန်မှာ မတွေ့တာကြာနေတဲ့ ဖခင်ဖြစ်သူကပါ ဆုံးပါးသွားချိန်မှာတော့ အလုပ်က ဘဝကြီးတစ်ခုမဟုတ်တာ သိပြီးအလုပ်ထွက်ကာ အဖေ့ကုန်စုံဆိုင်လေးဆီ ပြန်လာခဲ့ပါတော့တယ်မြောင်နမ်ကတော့ မိဘအိမ်ကနေ ခွဲနေပြီး အလုပ်ပေါင်းစုံလုပ်နေသူတစ်ယောက်ပေါ့ပျက်တဲ့ပစ္စည်းတွေ ပြင်တဲ့အလုပ်၊ ပစ္စည်းတွေ ပိုပေးတဲ့အလုပ်အပြင် တက္ကသိုလ်ကျောင်းသားတွေကို စာသင်ပေးပြီး ပါရဂူဘွဲရဖိုလည်း ကြိုးစားနေသူတစ်ယောက်ပါဝမ့်အဖေနဲ့ မြောင်နမ်ဟာ ရင်းနှီးနေပြီး ဝမ်က အဖေ့ကုန်စုံဆိုင်လေးဆီ ပြန်လာချိန်မှာတော့ မြောင်နမ်နဲ့ ပြန်လည် တွေ့ဆုံပတ်သက်လာရပါတော့တယ်မြောင်နမ်က ဝမ့်ကို ဘယ်အချိန်ကတည်းက သိခဲ့ပြီး သဘောကျနေခဲ့တာလဲမိဘအိမ်က ခွဲနေပြီး အလုပ်များစွာလုပ်နေတဲ့ မြောင်နမ်က သာမန်မိသားစုက ဖြစ်ပါ့မလားဝမ့်ကိုရော ရအောင်လိုက်နိုင်ပါ့မလားဝမ်နဲ့မြောင်နမ်ရဲ့ ချစ်ခရီးလမ်း ၊ ဝမ်ရဲ့ ကုန်စုံဆိုင်လေးအပေါ်ထားတဲ့ မျှော်လင့်ချက်တွေကရော ကြုံလာတဲ့အတားအဆီးတွေကို ကျော်ဖြတ်နိုင်ပါ့မလားဆိုတာ “ ဝေလငါးလေးရဲ့ အချစ်စတိုးဇာတ်လမ်းတွဲမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်