ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Meng ZiYi ပါ၀င်သရုပ်ဆောင်ထားတဲ့“မောင်းမဆောင်ကိုင်တွယ်နည်းအသွယ်သွယ်”ကို လေ့လာသင်ယူနိုင်မယ့်ရှေးခေတ် ဒရမ်မာလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ကျောက်ပြည်ထောင်ရဲ့ မင်းသမီးတစ်ပါးဖြစ်တဲ့ Jiang Tao Hua ဟာဝေ့ပြည်ထောင်ရဲ့ အမတ်ချုပ်ဖြစ်တဲ့ Shen Zai Ye နဲ့ မဟာမိတ်သဘောတူစာချုပ်အဖြစ် လက်ဆက်ထိမ်းမြားခဲ့ရပါတယ်။တကယ်တမ်း Shen Zai Ye ဟာ မင်းသမီးအပေါ်မြတ်နိုးမှုမရှိဘဲသူတစ်ပါးချောက်ချမှုကြောင့်သာ ဆန္ဒမပါဘဲ လက်ထပ်ယူခဲ့ရတာဖြစ်ပြီးသူ့မှာ အယောက်နှစ်ဆယ်သော မောင်းမဆောင်တစ်ခုပါ ရှိထားပြီးသားဖြစ်နေပြန်ပါတယ်။ ဒီတော့ ကိုယ်လုပ်တော်တွေက ဘယ်လို အကွက်ဆန်းတွေနဲ့ ပညာတွေပြမလဲ၊Jiang Tao Hua တစ်ယောက် ဒီ အိမ်တော်ရဲ့ အနောက်ဆောင်ကိုဉာဏ်ပညာရှိရှိ ဘယ်လိုကိုင်တွယ်သွားမလဲ၊ Shen Zai Ye ရဲ့ နှလုံးသားကိုဘယ်လိုနည်းလမ်းနဲ့ သိမ်းယူသွားမလဲဆိုတာကို ကြည့်ရှုသူပရိသတ်မိန်းမသားတို့ ပညာယူရင်း စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်