Himitsu: The Top Secret 秘密〜THE TOP SECRET〜 FHD

Himitsu: The Top Secret 秘密〜THE TOP SECRET〜

Mystery FHD 2025-01-20 8

ဂျပန်ရဲနည်းပညာသိပ္ပံဌာနရဲ့ အခွဲတစ်ခုဖြစ်တဲ့ “the Ninth” ဟာဆိုရင် သေဆုံးသွားတဲ့လူတွေရဲ့ ဦးနှောက်ကို ဖယ်ထုတ်ပြီး မသေဆုံးမီမှာ မြင်ခဲ့တဲ့ ပုံရိပ်ကို ပြန်လည်ပုံ‌ဖော်နိုင်တဲ့MRI နည်းပညာအသစ်ကို သုံးပြီးတော့ အမှုတွေကို စစ်ဆေးဖော်ထုတ်ပေးနေတဲ့ အမှုခင်းစုံစမ်းတဲ့ဌာနတစ်ခုဖြစ်ပါတယ်။ဒီနည်းပညာကို သုံးပြီး မဖြေရှင်းနိုင်သေးတဲ့ အမှုတွေကို တဖြည်းဖြည်းချင်း ဖြေရှင်းသွားတဲ့ရဲအရာရှိနှစ်ယောက်ဖြစ်တဲ့ မာကိနဲ့ အာအိုကိဟာ ..ပြင်းထန်တဲ့ စိတ်ခံစားမှုတွေ၊ အမှန်တရားနောက်ကွယ်က ငိုကြွေးမှုတွေ၊ သေဆုံးသူတွေရဲ့နောက်ဆုံးအချိန်အထိ သိုသိပ်ထားခဲ့တဲ့ လျှို့ဝှက်ချက်‌တွေကို မြင်တွေ့ရတဲ့အခါ….ဝမ်းနည်းမှုနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်‌တွေကိုလည်း ခံစားလာရပါတယ်…။တစ်ပိုင်းချင်းစီမှာပါတဲ့ ဇာတ်လမ်းဇာတ်ကွက်‌တွေက တဖြည်းဖြည်းချင်း ခံစားမှုတွေကိုထိရောက်အောင် ဖွဲ့စည်းထားပြီး…ဇာတ်ဆောင်နှစ်ဦးရဲ့ ရင်းနှီးမှု၊ ယုံကြည်မှုနဲ့သူတို့နှစ်ယောက်ကြားထဲက ထူးခြားစိတ်ဝင်စားဖို့ကောင်းပြီး သာမန်ရင်းနှီးမှုထက်ပိုတဲ့တစ်စုံတစ်ခုကို မြင်ရမှာပါ…ဒါ့အပြင် လူသေမှုအပေါ် ထင်မြင်ချက်တွေကိုလည်း အမြင်သစ်တစ်ခုနဲ့ ရိုက်ကူးထားတာကြောင့်သာမန် ရဲဒရာမာစီးရီးတွေနဲ့ ခြားနားမှုရှိပါတယ်။စုံထောက်ကားကို ကြိုက်နှစ်သက်တဲ့‌ လူတွေအတွက်တော့ အကြိုက်တွေ့မှာ သေချာပါတယ်။တစ်ပိုင်းပြီး တစ်ပိုင်း ဆက်ဆက်ပြီး ကြည့်ချင်လောက်တဲ့အထိ အမှုထဲမှာ ကိုယ်တိုင်စီးမြောသွားမိမှာပါ။Justice in the dark တို့ Manner of death တို့လို bromance ပိုင်းခပ်ပါးပါးနဲ့ကလိကလိဖြစ်ရတာ ကြိုက်တဲ့လူတွေအတွက် သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။စပွိုင်းမပါအောင် ဒီလောက်ထိပဲ ပြောပါမယ်ဗျ။