ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တာကတော့ မင်းသားကြီး Jisung ၊ Girl’sDay အဖွဲ့ဝင် Hyeri နဲ့ CNBLUE အဖွဲ့ဝင် Minhyuk တို့ အပြင် Ahn Hyoseop ,Gong Myung , Park Eunbin , Park Shinhye , Oh Jungse တို့ကsupporting cast တွေ cameo တွေနေရာကနေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားတဲ့Entertainers ဆိုတဲ့ စီးရီးဟောင်းတစ်ခုပဲဖြစ်ပါတယ် ။Shin Seokho ( Jisung ) ဟာ KTOP entertainment ရဲ့ ဒါရိုက်တာအဖြစ်ကနေကုမ္ပဏီအသစ်ခွဲထွက်ပြီး .. သူပျိုးထောင်ပေးခဲ့တဲ့ JACKSON လို့ အမည်ရတဲ့Boy Band ကိုပါ ကုမ္ပဏီအသစ်ကို ခေါ်သွားဖို့ စီစဉ်ထားခဲ့တာပါ ။ဒါပေမဲ့ KTOP ရဲ့ ကိုယ်စားလှယ်က Seokho ရဲ့ လုပ်ရပ်ကို မကျေနပ်တဲ့အတွက်Seokho ကို ချောက်တွန်းခဲ့ပါတယ် .. ။ဒီလိုကနေ ထောင်ထဲလည်းရောက် ၊ အကြွေးတွေလည်း ပိသွားတဲ့ Seokho ဟာ ဘူဆန်ဘက်ကိုဆင်းလာရင်း .. အဆိုတော်ဖြစ်ချင်ပေမဲ့ မဖြစ်ရတဲ့ ကျောင်းသားလေး Jo Haneul(Kang Minhyuk)နဲ့ တွေ့ဆုံမိပြီး ဒီကျောင်းသားလေးကို အခွေထုတ်ပေးဖို့ ကြိုးစားပါတော့တယ်။Seokho က Haneul ကို အောင်မြင်တဲ့ အဆိုတော်ဖြစ်အောင် မြေတောင်မြှောက်ပေးသွားနိုင်မလား ။Haneul ရဲ့ အစ်မဖြစ်သူ Geurim နဲ့လည်း Seokho နဲ့ ဘယ်လိုဆက်ဆံရေးလေးတွေပေါ်လာနိုင်မလဲဆိုတာကိုတော့ ဇာတ်ဝင်တေး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ Entertainer စီးရီးမှာဆက်လက်ကြည့်ရှုကြရအောင်နော် ။