ဒီတစ်ခါတော့ Bollywood ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့အိန္ဒိယသမိုင်းနောက်ခံဒရာမာစီးရီးတစ်ခုကို မိတ်ဆက်ပေးပါရစေ။ဒီစီးရီးမှာ မင်းသား ရာ့ဂ်ျကူးမားရောင်ဝ်က အဓိကခေါင်းဆောင်ပါ၀င်ထားပါတယ်။ဒီဇာတ်လမ်းဟာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းထဲကသူရဲကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ နေတာဂျီ ဆူဘတ်ချန်ဒရာဘို့စ်အကြောင်းရိုက်ကူးတင်ဆက်ထားတာပါ။တစ်ချိန်က ဘို့စ်တစ်ယောက် လေယာဉ်ပျက်ကျမှုနဲ့ သေဆုံးသွားတယ်လို့ ပြောကြပါတယ်။ဒါပေမဲ့ သူ့မိသားစုက သူတို့ရဲ့အသုဘထုံးတမ်းကို မလုပ်ခဲ့သလို သူ့ကိုယုံကြည်သူတချို့ကလည်းသူမသေသေးဘဲ ပြန်ပေါ်လာလိမ့်မယ်လို့ ယုံကြည်နေခဲ့ကြတာပါ။နှစ်ပေါင်းများစွာကြာတဲ့အထိ သူပြန်ပေါ်မလာခဲ့ပေမဲ့ သူ့ကိုစောင့်နေခဲ့ကြပါတယ်။အဲဒီတုန်းက ဘို့စ် တကယ်ပဲသေဆုံးသွားခဲ့လား အသက်ရှင်နေခဲ့လားဆိုတာဘယ်သူမှမသိကြဘဲ အခုချိန်အထိ ပဟေဠိတစ်ခုအဖြစ် ကျန်နေတုန်းပါပဲ။အဲဒီလို လျှို့ဝှက်ဆန်းကြယ်စွာပျောက်ဆုံးသွားတဲ့ အိန္ဒိယလွတ်လပ်ရေးသမိုင်းကြောင်းရဲ့သူရဲကောင်းဘို့စ်အကြောင်းနဲ့ သူ့ရဲ့လွတ်လပ်ရေးလှုပ်ရှားတွေအကြောင်းကို ဒရာမာနှောပြီးစိတ်၀င်စားစရာတင်ဆက်ထားတာမို့ ကြည့်ရှုခံစားရင်း အဖြေရှာကြည့်လိုက်ကြပါဦး…။