Fresh Romance 풋풋한 로맨스 FHD

Fresh Romance 풋풋한 로맨스

Drama FHD 2025-06-12 8.3

ပွဲဦးထွက်တာ ၆ နှစ်ရှိပြီဖြစ်ပြီး ပြည်သူ့နတ်ဘုရား‌မလေးလို့ပါ တင်စားခံထားရတဲ့စတားအဆိုတော်မလေး ယူချယ်ရင်း (Lee Chae-Yeon)….ဒီလို ပရိသတ်တွေရဲ့ အချစ်တွေ အများကြီးကို ရရှိထားပေမဲ့လည်း တကယ်တမ်းကျပြည့်ကျပ်နေတဲ့ schedule တွေ .. မလိုမုန်းထားတိုက်ခိုက်သူတွေရဲ့ မုန်းတီးရေးမှတ်ချက်တွေကြောင့် အဆိုတော်ဘဝနဲ့နေရတာ ခြေကုန်လက်ပန်းကျလာပါတော့တယ်။ဟန်ဂျောင်အူ (XION) ကတော့ singer-songwriter ဖြစ်နိုင်ဖို့အတွက် ကြိုးစားနေသူတစ်ဦးဖြစ်ပြီး သူငယ်ချင်းဖြစ်သူ ချွဲမင်ဂျွန်း (Dong-Myeong) နဲ့အတူ လူရွေးပွဲ ဝင်ဖြေခဲ့ပေမဲ့မင်ဂျွန်းတစ်ယောက်ပဲ အောင်သွားပြီး ဂျောင်အူကတော့ ပြုတ်ကျန်နေခဲ့ပါတယ်။ယခုလက်ရှိမှာတော့ ဂျောင်အူက ကြက်ခြေထောက်ဆိုင်မှာ အချိန်ပိုင်းအလုပ် လုပ်ကိုင်နေပြီဖြစ်ပြီးတစ်နေ့မှာ စိတ်ဖိစီးမှုဖြေဖျောက်ဖို့အတွက် ချယ်ရင်းက ကြက်ခြေထောက်အစပ်မှာစားရင်းနှစ်ဦးသား ဆုံတွေ့ဖို့ အကြောင်းဖန်လာပါတော့တယ်…ဂီတပိုင်းမှာ စိတ်ရောကိုယ်ပါ ငြီးငွေ့နေတဲ့ အဆိုတော်မလေး “ယူချယ်ရင်း”နဲ့ ..ဂီတအပေါ် အလေးအနက်ထားတဲ့ အချိန်ပိုင်းအလုပ်သမားလေး “ဟန်ဂျောင်အူ” တို့ တွေ့ဆုံပြီးအပြန်အလှန် ဘယ်လို ကုစားပေးသွားကြမလဲဆိုတာကို ရိုမန့်တစ်ဆန်ဆန် ကြည့်ရှုရမှာဖြစ်တာကြောင့် CM မှာ စောင့်ကြည့်ပေးကြပါဦးနော် .. ။