Aniela FHD

Aniela

Comedy Drama FHD 2025-06-11 5.833

Netflix ရဲ့တင်ဆက်နေကျ ၈ပိုင်းပါဝင်တဲ့ comedy‑drama စီးရီးကိုမှမိသားစုအခက်အခဲတွေ အကြင်လင်မယားကြားက ဆက်ဆံရေးတွေနဲ့အတူ သားသမီးနဲ့442မိဘသူငယ်ချင်းတို့ရဲ့ ပတ်သက်ဆက်ဆံမှုတွေကို ဘယ်လိုအကောင်းဆုံး အပြန်အလှန် နားလည်မှုတွေ ပေးကြရင်းဘဝကိုခရီးဆက်သင့်လဲဆိုတာ မီးမောင်းထိုးပြထားတဲ့ ပိုလန်စီးရီး ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအာညေးလာဆိုတဲ့ လူကုံထံအမျိုးသမီးဟာ စီးပွားရေးနယ်ပယ်မှာ အောင်မြင်တဲ့ ခင်ပွန်းဖြစ်သူကြောင့်သူတို့နေထိုင်တဲ့ ဝါစောမြို့လေးမှာ အချမ်းသာဆုံးဖြစ်ပြီး ပန်းချီပြခန်းတစ်ခုလည်း ပိုင်ဆိုင်ထားပါတယ်။တစ်နေ့ ခင်ပွန်းဖြစ်သူက အာဖရိကဘက်ကို အလုပ်ကိစ္စနဲ့သွားပြီး အပြန်မှာ အမျိုးသားတွေသီးသန့်ဆွေးနွေးပွဲကိုသွားခဲ့ပြီး ဇနီးဖြစ်သူ အာညေးလာကို သူ့ရဲ့လောင်းရိပ်အောက်မှာ ပိတ်မိမနေစေလိုဘဲ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့အမျိုးသမီးဖြစ်စေချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကွာရှင်းဖို့လုပ်ပါတယ်။ ဒါကို အာညေးလာက လက်မခံလို့တကယ့်အကြောင်းအရင်းဖြစ်တဲ့ အငယ်အနှောင်းရှိနေတဲ့အကြောင်းကိုပါ ထုတ်ဖော်ပြီး အားလုံးကိုလည်း ကွာရှင်းတော့မယ့်အကြောင်းကြေညာတော့မယ်လုပ်နေလို့ အာညေးလာက ဖန်ကွဲနဲ့ ဗိုက်ကိုထိုးလို့ ရဲစခန်းရောက်သွားခဲ့ပါတယ်။ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးပြီး ပိုင်ဆိုင်မှုတွေအားလုံးနဲ့အတူ သမီးဖြစ်သူကို အုပ်ထိန်းခွင့်ပါလက်လျှော့ရင် တရားမစွဲဘူးဆိုတာကြောင့် အာညေးလာ လက်လျှော့ခဲ့ရပါတယ်။ သူ့အတွက် ကူညီမယ့်လူလည်း ရှားပါးနေပြီးပေါ်ကြော့ လူကုံထံ အာညေးလာရဲ့ ကြမ်းတမ်းရဲ့ ဘဝအလှည့်အပြောင်းကို ကြည့်ရှုရမှာပါ။အာညေးလာတစ်ယောက်ကတော့ တစ်ပတ်အတွင်း ဘဝကိုပြန်လည်ထူထောင်ပြီး သမီးဖြစ်သူကိုပါအုပ်ထိန်းခွင့်ရအောင် ကြိုးစားသွားမှာမို့ ဘဝကိုတစ်ယောက်တည်း ရုန်းကန်နေရတဲ့ ကြည့်ရှုသူတွေအနေနဲ့ခွန်အားတစ်ရပ်လည်းဖြစ် အပျင်းလည်းဖြေရင်း ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းတွဲအမျိုးအစားလေးပဲ ဖြစ်ပါတယ်ခင်ဗျာ။